မန့်ဟီးရိုးဒေသတွင် နယ်မြေ တည်ငြိမ်းရေးအတွက် ဆောင်ရွက်နေဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မန့်ဟီးရိုးဒေသတွင် နယ်မြေ တည်ငြိမ်းရေးအတွက် ဆောင်ရွက်နေဟု ဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူ ဆယ်ခရိုင်၊ တရုတ်-မြန်မာနယ်စပ်၊ မန့်ဟီးရိုးမြို့တွင် ဒေသတွင်း ပစ်ခတ် မှုများနှင့် ပတ်သက်၍ နယ်မြေ တည် ငြိမ်ရေး ဆောင်ရွက်လျက်ရှိပြီး ဒေ သခံများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေး အတွက် သွားရောက်ညှိနှိုင်းပေးခဲ့ ကြောင်း မူဆယ်မြို့နယ် ရှမ်းပြည် နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦး စိုင်းကျော်သိန်းထံက သိရသည်။
.

.
ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်က မန့်ဟီးရိုးဒေသ၊ နောင်ခေါ် ကျေးရွာ တွင် အမည်မသိ အရပ်ဝတ်ဖြင့် လူ ၄/၅ ဦးမှ လာရောက် ပစ်ခတ်ခြင်းသာ ဖြစ်ပြီး နယ်မြေ တည်ငြိမ်လာပြီ ဖြစ် ကြောင်း ၎င်းက ပြောသည်။
.
ကျွန်တော်တို့ မြို့အုပ်ချုပ်ရေး မှူး၊ နယ်မြေတာဝန်ကျ တပ်ရင်းမှူး၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဒေသ ခံ ပြည်သူများအပေါ် စေတနာထား ဆောင်ရွက်သလို မြို့လူထုကလည်း အကြောက်အလန့် မရှိစေ‌ရေး ညှိနှိုင်း တိုင်ပင် ပေါင်းစပ် လုပ်ကိုင် နိုင်စေဖို့ ဆွေးနွေး ခဲ့ပါတယ်။ မြို့လူထုကို လည်း အချိန်မရွေး ကျွန်တော့်ထံ ဖုန်း ဆက်ဖို့ ပြောခဲ့ပါတယ်”ဟု ဦးစိုင်း ကျော်သိန်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
နောင်ခေါ် ကျေးရွာတွင် လက် နက်ငယ်များ ပစ်ခတ်သံများကြောင့် မန့်ဟီးရိုးမြို့တွင် စိုးရိမ်ကြောက် လန့်မှုများ ရှိလာကာ တရုတ်နိုင်ငံ အတွင်းသို့ ထွက်ပြေး တိမ်းရှောင်မှု များ ရှိခဲ့သည့်အတွက် သွားရောက် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ် သည်ဟု ၎င်းက ဆိုသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မန့်ဟီးရိုးမြို့အုပ်ချုပ်ရေးမှူး ဦးစိုင်း မြတ်အောင်ကလည်း “အရင် အခြေ အနေအတိုင်း ရောက်ရှိနေပါပြီ”ဟု ပြောဆိုခဲ့သည်။
.
မန့်ဟီးရိုးသည် ၂၀၀၂ ခုနှစ်တွင် ကျေးရွာ ၁၉ ရွာကို ပေါင်းစပ်ကာ ရပ်ကွက် ၃ ခုဖွဲ့၍ မြို့အဖြစ် ဖွဲ့စည်း ထားခြင်းဖြစ်ပြီး ရှမ်းအမည် “မန့် ဟျိုး”ဆိုသည့် ဂုံလျှော်/ကြာကဲ့ သို့ သော အပင်တစ်မျိုးကို ခေါ်ဆိုရာမှ မြန်မာအသံထွက် မန့်ဟီးရိုးဖြစ်လာ ပြီး ယင်းရွာ၏ တစ်စိတ်တစ်ဒေသမှာ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မျဉ်း ဖြတ်သန်းနေမှုကြောင့် နှစ်ပြည်တစ် ရွာဟု ထင်ရှားပြီး ယခုတွင်လည်း တစ်ရွာတည်း ဟိုဖက်ဒီဖက် သွား လာမှုသာ ဖြစ်ကာ တရုတ်နိုင်ငံဘက် မှ မြန်မာနိုင်ငံသားများ ပြန်လည် ရောက်ရှိနေပြီဖြစ်ကာ တည်ငြိမ်နေပြီ ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats