မောင်မောင်သန်း (တောင်ကြီး)
.
လားရှိုးတက္ကသိုလ် ပညာရိပ်သာအဆောက်အဦ ပန္နက်တင်မင်္ဂလာ
အခမ်းအနားကို ဩဂုတ်လ ၂၇ ရက်၊ နံနက်ပိုင်းက အဆိုပါ အဆောက်အဦ ဆောက်လုပ်မည့်
မြေနေရာတွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက မင်္ဂ လာ ပန္နက်
ရိုက်ပေးခဲ့သည်ဟု သိရသည်။
.
.
ထို့နောက် ပညာရိပ်သာတည် ဆောက်ရေးနှင့် ပတ်သက်၍ လားရှိုး
တက္ကသိုလ် အစည်းအဝေးခန်းမတွင် Myanmar
Imperial Vega Company Limited ဥက္ကဋ္ဌ ဦးမောင်ဝိတ်က ရှင်း လင်းတင်ပြခဲ့ပြီး
ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက လား ရှိုး တက္ကသိုလ်
ပညာရိပ်သာနှင့်စပ် လျဉ်း၍ ရှင်းလင်း ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ
လင်းထွဋ်က ကျေးဇူးတင် စကားပြန် လည်ပြောကြားပြီး လားရှိုးတက္က သိုလ်ဝင်းအတွင်း
တည်ဆောက် လျက်ရှိသော ၃ ထပ် အဆောက်အဦ အား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရသည်။
နိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက် ရေးတွင် အဓိကကျသည့် ဆရာ/ဆ ရာမများနှင့်
ပညာရေးဝန်ထမ်းများ ၏ နေထိုင်မှု အဆင့်အတန်း မြင့်မား အဆင်ပြေ ချောမွေ့စေရေးအတွက်
လားရှိုးတက္ကသိုလ်တွင် ပညာရိပ်သာ အိမ်ရာ စီမံကိန်းကို အကောင်အထည် ဖော်
ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံ ကိန်းတွင် အဆင့်မြင့် အိမ်ရာ ၃၂ ခန်း ဆောက်လုပ်
ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
.
ယင်း စီမံကိန်းကြီးကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်
ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့် ပြုချက်ဖြင့် ပညာရေးဝန်ကြီးဌာနက လုပ်ငန်းအပ်နှံသူ၊
ဆောက်လုပ်ရေး ဝန်ကြီးဌာနက လုပ်ငန်းကြီး ကြပ်စီမံ ခန့်ခွဲသူ၊ Myanmar Imperial Vega Company Limited က လုပ်ငန်း
လက်ခံသူအနေဖြင့် ဆောက်ရွက်လုပ် ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အလားတူ လားရှိုးမြို့ရှိ နည်း ပညာတက္ကသိုလ် (လားရှိုး)၊
ကွန်ပျူ တာတက္ကသိုလ် (လားရှိုး)နှင့် လားရှိုး ပညာရေး ကောလိပ် တို့တွင်လည်း
အိမ်ခန်းပေါင်း ၃၂ ခန်းစီကို တည် ဆောက်သွားမည် ဖြစ်သည်။
.