ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မသန်စွမ်းသူများအား ရှမ်းအစိုးရမှ ထောက်ပံ့ငွေများ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မသန်စွမ်းသူများအား ရှမ်းအစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်


မောင်မောင်သန်း (တောင်ကြီး)
.
လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ဩဂုတ်လ ၂၇ ရက်၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းရှိ မသန်စွမ်း သူများအား ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
.
.
ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကား ပြောကြားခဲ့ပြီး လားရှိုးမြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းပြည်သူ ၅ ဦး၊ ဉာဏ်ရည်မသန်စွမ်းပြည်သူ ၅ ဦး၊ အမြင်အာရုံမသန်စွမ်းပြည်သူ ၅ ဦး၊ အကြားအာရုံမသန်စွမ်းပြည်သူ ၅ ဦးတို့အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် လားရှိုးမြို့ပြည်သူ့ ဆေးရုံသို့ သွားရောက်ကာ ဆေးရုံတက်ရောက် ကုသနေသောလူနာများအား လှည့်လည်ကြည့်ရှု၍ ကြက်ခြေနီတပ်ဖွဲ့နှင့် လားရှိုး ဆေးရုံရှိ ဝန်ထမ်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှအလှူငွေကျပ် သိန်း ၂၀ စီကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ပေးအပ်ရာတာဝန်ရှိသူတို့မှ လက်ခံရယူ ကြကြောင်းသိရှိရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကိုယ်အင်္ဂါမသန်စွမ်းသူ၊ ဉာဏ်ရည်မသန်စွမ်းသူနှင့် အကြားအာရုံမသန်စွမ်းသူ စုစုပေါင်း ၈၅၀၂ ဦး ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats