ရှမ်းပြည်နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်ငယ်များအတွက် ချေးငွေ ထုတ်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်ငယ်များအတွက် ချေးငွေ ထုတ်ပေး


စုလှိုင်
.
COVID-19 ကပ်ရောဂါကာကွယ် ထိန်းချုပ် ကုသရေးကာလတွင် ရှမ်း ပြည်နယ်အတွင်းရှိ လက်ဘက်ရည် ဆိုင်များနှင့် စားသောက်ဆိုင်ငယ်များ ကို ချေးငွေများ ထုတ်ချေးပေးလျက် ရှိကြောင်း ငွေရေးကြေးရေး စစ်ဆေး ရေးဦးစီးဌာနမှ သိရသည်။
.
.
“COVID-19 ကြောင့် ယာယီပိတ် သိမ်းခဲ့ရတဲ့ လက်ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်ငယ်တွေကို စီးပွား ရေးလုပ်ငန်း ပြန်ပြီး လုပ်နိုင်အောင် ရည်ရွယ်ပါတယ်။ COVID-19 Fund ကနေ ထုတ်ချေးပေးတာပါ” ဟု ရှမ်းပြည်နယ်ချေးငွေဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုငုဝါက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ လက်ဘက်ရည်ဆိုင်များ နှင့် စားသောက် ဆိုင်ငယ်များသို့ ထုတ် ချေးပေးမည့် ချေးငွေ ကာလမှာ ၁ နှစ် ဖြစ်ပြီး ဝန်ဆောင်မှု အပါအဝင် အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် ထုတ်ချေး ပေးမည်ဖြစ်ကာ ဆိုင်းငံ့ကာလ ၃ လ နှင့် ကျန် ၉ လတွင် ၃ လတစ်ကြိမ် အတိုးအရင်း ပေးဆပ်ရမည် ဖြစ် ကြောင်း သိရသည်။
.
ထိုသို့ ထုတ်ချေးရာတွင် ဆိုင်အ ရွယ်အစား သတ်မှတ်ချက်များနှင့် အညီ မတည်ငွေကျပ် သိန်း ၅၀ အထိ ဆိုင်ငယ်များကို ငွေကျပ် ၃၅ သိန်း အထိလည်းကောင်း၊ မတည်ငွေကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ အထိ ဆိုင် လတ်များကို ငွေကျပ် သိန်း ၇၀ အထိ လည်းကောင်း၊ မတည်ငွေကျပ် သိန်း ၁၀၀ မှ သိန်း ၁၅၀ အထိ ဆိုင်ကြီး များကို ငွေကျပ် သိန်း ၁၀၀ အထိ လည်းကောင်း အများဆုံး ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ချေးငွေရယူမည့် ဆိုင်များသည် COVID-19 ကပ်ရောဂါကြောင့် လုပ် ငန်းယာယီ ပိတ်သိမ်းခဲ့ရသဖြင့် ထိ ခိုက်မှုရှိသော လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များ ဖြစ်ရမည် ဖြစ်ပြီး ကိုယ်ပိုင်မြေ၊ အဆောက်အဦ ပေါ်တွင်ဖြစ်စေ၊ တရားဝင် ငှားရမ်း ၍ဖြစ်စေ၊ အခြေတကျ ဖွင့်လှစ်ထား သည့် အထောက်အထား တင်ပြရ မည်ဖြစ်ပြီး ဆိုင်ဖွင့်လှစ်မှု သက်တမ်း တစ်နှစ်နှင့်အထက် ရှိရမည် ဖြစ်ကာ သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့ ၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းလိုင်စင် မရှိ ပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ ဆိုင်ဖွင့်လှစ်ထားကြောင်း ထောက် ခံချက် တင်ပြရမည်ဖြစ်သည်။
.
ချေးငွေရယူရာတွင် လိုအပ်သည့် ပိုင်ဆိုင်မှု အထောက်အထား စာရွက်၊ စာတမ်း သို့မဟုတ် အနည်းဆုံး လူ ပုဂ္ဂိုလ် အာမခံ ၂ ဦး တင်ပြရမည်ဖြစ်ပြီး ချေးငွေကို ဆိုင်ပြန်လည်ဖွင့်လှစ်နိုင် ရေးကိစ္စ အတွက်သာ အသုံးပြုရ မည်ဖြစ်ကာ ရယူထားသည့် ချေးငွေ ကို တစ်နှစ်အတွင်း ပြန်လည် ပေး ဆပ်နိုင်ရမည်ဖြစ်ပြီး ၊ အလုပ်သမား ဦး ရေ ၅ ဦးနှင့်အထက် ရှိသောဆိုင်ကို ဦးစားပေးပြီး အလုပ်သမား ၅ ဦး အောက်ရှိသော ဆိုင်များလည်း ချေး ငွေ ရယူနိုင်ကာ ရင်းနှီး မတည်ငွေ ကျပ် သိန်း ၁၅၀ အောက်တွင် လုပ် ငန်း လည်ပတ်နေသော ဆိုင်များသာ ချေးငွေ လျှောက် ထားရန် အကျုံးဝင် ကြောင်း သိရသည်။
.
ထိုသို့ ချေးငွေထုတ်ပေးရာတွင် တစ်နိုင်ငံလုံးအတွက် ငွေကျပ် ဘီ လီယျံ ၁၀၀ မတည်၍ ထုတ်ချေး ပေးမည် ဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၁၀ မြို့နယ်၊ ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် ကျောက် မဲမြို့နယ်၊ နောင်ချိုမြို့နယ်တို့ ပါ ဝင်ပြီး အဖွဲ့ ၉ ဖွဲ့မှ ဝန် ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats