လွိုင်လင်တွင် ငွေကျပ် သိန်း ၂၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်လင်တွင် ငွေကျပ် သိန်း ၂၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


နန်းထက်ထက်
.
လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးသွား ကားလမ်းတွင် ဩဂုတ်လ ၇ ရက်၊ နေ့လယ်ပိုင်းက တန်ဖိုး ငွေကျပ် သိန်း ၂၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်လာသူ ၄ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

.
မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၇ ရက်၊ နေ့လယ် ၁ နာရီခန့်က လွိုင်လင်-တောင်ကြီးသွား ကားလမ်းတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ နမ့်စန်မြို့၊ အမှတ် (၄) ရပ်ကွက်နေ မောင်ထွန်း မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ထွန်းရွှေ၊ ဖြူးမြို့နယ်၊ နရိုင်းပူကျေးရွာနေ အူသက်ကျန်း နှင့် ကျော်စိုး (ခ) ရိုဆန်ကူးမား (ခ) ဘီနိုကူးမားတို့ စီးနင်းလိုက်ပါလာ သည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့် ထားသည့် ဘိန်းဖြူအလေးချိန် ၇ ဒသမ ၄၈ ကီလို၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၈၇၀၊ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၀၀ ပြား၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် သိန်း ၂၈၀၊ စုစုပေါင်း မူးယစ်ဆေးဝါးများ၏တန်ဖိုး ငွေကျပ်သိန်း ၂၁၀၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါမူးယစ်ဆေးဝါးများ ဖမ်းဆိးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ ၄ ဦးအား လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အရေးယူပြီး ကွင်းဆက်များအား ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats