လောက်ကိုင်တွင် ငွေကျပ် သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လောက်ကိုင်တွင် ငွေကျပ် သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


နန်းထက်ထက်
.
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် ဩဂုတ်လ ၈ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ် သိန်း ၂၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

.
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ဩဂုတ်လ ၈ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က လောက်ကိုင်မြို့၊ ရပ်ကွက် (၃) ရှိ ဟိုတယ်တစ်ခုတွင် ရောက်ရှိနေသော လောက်ကိုင်မြို့နယ်၊ ရွှေယင်စီး ကျေးရွာနေ လော်ချိန်ရှိန်း၊ နမ်ကော်ကျေးရွာနေ လီကျားနိမ် နှင့် ကြာစီရှူးကျေးရွာနေ လီဖားမင် တို့အား စစ်ဆေး ရှာဖွေရာ လော်ချိန်ရှိန်းနှင့် လီကျားနိမ် တို့ကိုင်ဆွဲထားသော ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈၀၀၀ ပြား၊ ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၂၀၇၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လော်ချိန်ရှိန်း၊ လီကျားနိမ်နှင့် လီဖားမင်တို့ ၃ ဦးအား လောက်ကိုင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats