တောင်ကြီးတွင် အစာအိမ်၊ အူသိမ်လမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်းရုံးခွဲ ဖွင့်လှစ် - Kanbawza Tai News

Breaking

Saturday, August 1, 2020

တောင်ကြီးတွင် အစာအိမ်၊ အူသိမ်လမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်းရုံးခွဲ ဖွင့်လှစ်


မင်းမင်း
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ မေတ္တာရှင် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံတွင် ဇူလိုင် လ ၂၈ ရက်၊ နံနက်ပိုင်းက အစာအိမ်၊ အူသိမ်လမ်းကြောင်းနှင့် အသည်း ရောဂါဖောင်ဒေးရှင်း (မြန်မာ) ရုံးခွဲကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
.

.
မေတ္တာရှင်ဆေးရုံက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ ကို အဓိက လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ မျက်စိနဲ့ ပတ်သက်တဲ့ ဝေဒနာရှင်တွေကို အခမဲ့ စမ်းသပ် ခွဲ စိတ်ပေးတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲကလေးငယ် တွေကိုလည်း အခမဲ့ ခွဲစိတ် ကုသပေးတဲ့အပြင် တခြား အ ထွေထွေရောဂါတွေကိုလည်း ကုသ ပေးနေပါတယ်။ ရန်ကုန်အစာအိမ်၊ အူ သိမ်လမ်းကြောင်းနဲ့ အသည်းရောဂါ ဖောင်ဒေးရှင်းက ရုံးခွဲဖွင့်လှစ်ဖို့ ကမ်း လှမ်းလာတော့ အခုလို ဖောင်ဒေးရှင်း နဲ့ ကျွန်တော်တို့အသင်း ပူးပေါင်းပြီး ရုံးခွဲဖွင့်လှစ်ဖြစ်တာပါ”ဟု တောင် ကြီးမြို့၊ မေတ္တာရှင် နာမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးညွန့်မောင်က ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
အစာအိမ်၊ အူသိမ်လမ်းကြောင်း နှင့် အသည်းရောဂါ ဖောင်ဒေးရှင်း (မြန်မာ)သည် ဇူလိုင်လဆန်းပိုင်းမှ စတင်၍ တောင်ကြီးမြို့ အပါအဝင် ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ လား ရှိုး၊ လောက်ကိုင်၊ ပုသိမ်၊ မန္တလေး၊ မြစ်ကြီးနား၊ ပြင်ဦးလွင်၊ မိတ္ထီလာ စ သည့် မြို့ကြီး ၁၄ မြို့တွင် ရုံးခွဲများ ဖွင့်လှစ်ကာ အသည်းရောင်ရောဂါ ပပျောက်ရေးနှင့် အစာအိမ် အူသိမ် လမ်းကြောင်းကင်ဆာ တိုက်ဖျက် ရေးတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။
.
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ ဖောင်ဒေးရှင်းရုံးခွဲတွေ ဖွင့်လှစ် ထားပါတယ်။ ရှမ်းပြည်နယ်အတွင်း မှာ ဆိုရင် တောင်ကြီးအပြင် ဟိုပုံး၊ က လော စတဲ့ မြို့နယ်တွေမှာ ရုံးခွဲတွေ ထပ်ဖွင့်သွားဖို့ အစီအစဉ် ရှိပါတယ်။ ဖောင်ဒေးရှင်းကနေ အစာအိမ်၊ အူ သိမ်လမ်းကြောင်း၊ အသည်းရောဂါ ဝေဒနာရှင် တော်တော်များများကို ခွဲစိတ်ကုသ ပေးခဲ့ပါတယ်။ ဘယ်ဒေ သကအစာအိမ်၊ အူသိမ်လမ်းကြောင်း၊ အသည်းရောဂါ ဝေဒနာရှင် မဆို မေတ္တာရှင် ဆေးရုံမှာ စာရင်းပေးသွင်း ပြီး ခွဲစိတ်ကုသမှု ခံယူနိုင်ပါတယ်။ နောက်ပြီး ဆေးရုံက မျက်စိခွဲ စိတ်ကု သမှုတွေ လုပ်ပေးနေတော့ လိုအပ်ရင် မျက်စိဆရာဝန်တွေ ချိတ်ဆက်ပေး သွားဖို့လည်း ရှိပါတယ်”ဟု အစာ အိမ်၊ အူသိမ်လမ်းကြောင်းနှင့် အ သည်း ရောဂါဖောင်ဒေးရှင်း (မြန်မာ) ၏ တောင်ကြီးရုံးခွဲ တာဝန်ခံ ဦးတင် ဝင်းက ပြောသည်။
.
အစာအိမ်၊ အူသိမ်လမ်းကြောင်း နှင့် အသည်းရောဂါ ‌ဖောင်ဒေးရှင်း (မြန်မာ) ကို ၂၀၁၈ ခုနှစ်၊ အောက်တို ဘာ လက စတင်ဖွဲ့စည်းတည်ထောင် ခဲ့ခြင်း ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည် နယ်တို့တွင် ဘီပိုး၊ စီပိုး စစ်ဆေးမှု ၄၅၉၀ ဦးကို ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ဖြစ်ကာ ၂၁၆၈ ဦးကို ဘီပိုးကာကွယ် ဆေး ထိုးနှံပေးနိုင်ခဲ့သည့် အပြင် Fibroscan ဖြင့် စစ်ဆေးပေးခဲ့သူ ၁၈၀ ဦး၊ အစာအိမ်မှန်ပြောင်းဖြင့် စစ်ဆေးပေးခဲ့သူ ၁၇၀ ဦး၊ အရိုးပွခြင်း တိုင်းတာပေးခဲ့သူ ၂၈၅ ဦး ရှိကြောင်း သိရသည်။
.
ထို့အတူ မေတ္တာရှင် အခမဲ့ကု သိုလ်ဖြစ် ဆေးရုံမှလည်း မျက်စိခွဲ စိတ်ကုသပေးခဲ့သူ ၄၃၃၇ ဦး၊ နှုတ် ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသပေး ခဲ့သူ ၂၁၅ ဦးနှင့် ခြေခွင်ရောဂါ ခွဲစိတ် ကုသပေးခဲ့သူ ၅၆ ဦးရှိကာ အခြား အထွေထွေရောဂါများကိုလည်း စမ်း သပ်ကုသပေး လျက်ရှိကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats