စောဦး (ရတနာမြေ)
.
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူ-ဘော်တွင်းသွား ကားလမ်း၊
နမ္မတူမြို့နယ်မှ ၃ မိုင်ခန့်အကွာတွင် ယနေ့ ဩဂုတ်လ ၁၉ ရက်၊ နံနက် ၉ နာရီခန့်က မိုးအဆက်မပြတ်
ရွာသွန်းမှုကြောင့် ကျောက်တောင်ကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
.
.
ကျောက်တောင်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာသို့ နမ္မတူမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊
ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး
ဦးဝဏ္ဏထွန်းအေးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများမှ မြို့နယ်လမ်းဦးစီးဌာနနှင့်
ပူးပေါင်း၍ လမ်းအထူးအဖွဲ့ (၆)မှ Loader
၁ စီးဖြင့် ကျောက်တောင်ကမ်းပါး လမ်းပေါ်သို့ပြိုကျပိတ်ဆို့ခဲ့သော အရှည် ၁၈ ပေခန့်
အမြင့် ၁၀ ပေခန့် ကျောက်ခဲနှင့် မြေသားများကို ဖယ်ရှားလျက်ရှိရာ နေ့လယ် ၁ နာရီခွဲ
အချိန်ခန့်တွင် တစ်ဝက်ခန့်နီးပါး ဖယ်ရှားရှင်းလင်း နိုင်ခဲ့ပြီး ညနေပိုင်းတွင်
အပြီးဖယ်ရှားရှင်းလင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်တောင်ကမ်းပါးပြိုကျမှုကြောင့် လူ၊
မော်တော်ယာဉ်နှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
.