ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေနှင့် ဒေသခံ ထည့်၀င်ငွေများဖြင့် ဘက်စုံခန်းမသစ် ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေနှင့် ဒေသခံ ထည့်၀င်ငွေများဖြင့် ဘက်စုံခန်းမသစ် ဖွင့်လှစ်


ခွန်အာကာ(ကျောက်တလုံးကြီး)
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီး မြို့၊ နားဟီး ကျေးရွာအုပ်စု၊ နားဟီး (အနောက်) ကျေးရွာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မြစိမ်း ရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ထက် ဝက်အတိုးရငွေနှင့် ကျေးရွာ ပြည်သူ များ ထည့်ဝင်ငွေဖြင့် တည်ဆောက်ခဲ့ သည့် ကျေးရွာဘက်စုံခန်းမကို ဩ ဂုတ်လ ၂ ရက်က စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
.

.
ကျေးရွာသုံး ဘက်စုံခန်းမ ဖွင့်ပွဲ တွင် တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အ မှတ် (၂) မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ ကျောက်တလုံးကြီး မြို့အုပ်ချုပ်ရေး မှူး ဦးစောချမ်း၊ ပြည်နယ်/ခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ နားဟီး ကျေးရွာအုပ်စု ရပ်မိရပ်ဖများက ဖဲ ကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမွှေး နံ့ သာရည်များ ပက်ဖြန်းပေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦး စိုင်းလုံ‌ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦး စီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင် မောင်ဝင်းက ဌာနမှဆောင်ရွက်နေ သည့် လုပ်ငန်းများ အကြောင်းကို ရှင်းလင်း ပြောကြားကာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခွန် သူရအောင်က ပအိုဝ်း ဘာသာဖြင့် ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
.
“ကျွန်တော်တို့  ကော်မတီ အနေ နဲ့ မြစိမ်းရောင်ကျေးရွာရန်ပုံငွေက အတိုးရငွေထဲက တစ်ဝက်နဲ့ ဒေသခံ ပြည်သူတွေရဲ့ ထည့်ဝင်ငွေ တစ်ဝက် နဲ့ တည်ဆောက်တာပါ။ မြစိမ်းရောင် ကျေးရွာ စီမံကိန်းကြောင့် ကျွန် တော်တို့  ဒီခန်းမကြီးကို တည်ဆောက် နိုင်ခဲ့တာပါ။ ဒီခန်းမကို ဒေသရဲ့ကဏ္ဍ ပေါင်းစုံကနေ အသုံးပြုနိုင်ဖို့ ရည်ရွယ် ထားပါတယ်။ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကြောင့် ကျေးရွာသူ/ သား တွေရဲ့ စီးပွားရေး ပိုမို ကောင်းမွန်လာ ပါတယ်။ စီမံကိန်းချေးငွေနဲ့ စိုက်ပျိုး ရေး၊ မွေးမြူရေးလုပ်ငန်းတွေ ပိုလုပ် ကိုင်နိုင်လာပြီး စီးပွားရေး အခြေအနေ အရင်ကထက် ကောင်းလာပါတယ်” ဟု နားဟီးအနောက် ကျေးရွာမှ ရာ အိမ်မှူး ဦးအောင်ရွှေက ပြောသည်။
.
အဆိုပါ နားဟီး (အနောက်) ကျေးရွာ ဘက်စုံခန်းမသည် အလျား ပေ ၆၀၊ အနံ ၃၆ ပေ၊ အမြင့် ၁၈ ပေရှိ အုတ်စီ၊ သွပ်မိုး၊ တစ်ထပ် အဆောက် အဦဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေကျပ် သိန်း ၂၀၀ ခန့် ရှိခဲ့သည်ဟု သိရသည်။
.
ထို့အတူ နားဟီး အနောက်ကျေး ရွာ မြစိမ်းရောင်စီမံကိန်း ဥက္ကဋ္ဌ ဦး ထွန်းခေါင်ကလည်း “ကျွန်တော်တို့ရွာ မှာ အရင်က ကျေးရွာတွင်း အစည်း အဝေးလုပ်ရင် လမ်းပေါ်မှာပဲ နှစ်စဉ် လုပ်ခဲ့ရတယ်။ မိုးရွာရင် ထွက်ပြေး ရ၊ နေပူရင် ထွက်ပြေးရနဲ့ ကျေးရွာ ကိစ္စတွေ ဆွေးနွေးတိုင်ပင်ရာမှာ အ ခက်အခဲဖြစ်ခဲ့ရတယ်။ အခု ခန်း မကြီး တည်ဆောက်ပြီးသွားပြီ ဆိုတော့ ကျေးရွာကိစ္စတွေ၊ ကျန်းမာရေး ကိစ္စ တွေ၊ ပညာပေးဟော ပြောပွဲတွေ ဒီ ထဲမှာ လုပ်လို့ရသွားပါပြီ”ဟု ပြောဆို ခဲ့သည်။
.
နားဟီး(အနောက်)ကျေးရွာမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦး စီးဌာနမှ ထောက်ပံ့သောမြစိမ်းရောင် ကျေးရွာ စီမံကိန်းကို ရရှိခဲ့ပြီး၊ ယနေ့ အထိအတိုးနှုန်း ကောက်ခံ ရရှိမှုမှာ ၂၀၇၄၀၀၀၀ ကျပ်ဖြစ်ကာ ယင်း အ နက်မှ ငွေကျပ်သိန်း ၁၀၀ နှင့် ကျေး ရွာ ပြည်သူလူထု ထည့်ဝင်ငွေတို့ ပူး ပေါင်းပြီး ဘက်စုံသုံး ခန်းမကို တည် ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
.

Journal Download

Photo of three cats