ကျိုင်းတုံမြို့ရှောင်လမ်း စီမံကိန်းတွင် နစ်နာသွားသည့် ပြည်သူများအား ပထမအကြိမ် နစ်နာကြေး ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့ရှောင်လမ်း စီမံကိန်းတွင် နစ်နာသွားသည့် ပြည်သူများအား ပထမအကြိမ် နစ်နာကြေး ပေးအပ်


တြိဂံ
.
တောင်ကြီး-ကျိုင်းတုံ- တာချီ လိတ်သွား ပြည်ထောင်စု လမ်းမ (AH-2) ပေါ်ရှိ ကျိုင်းတုံမြို့ရှောင်လမ်းစီ မံကိန်း ဆောင်ရွက်ရာတွင် နစ်နာ သွားသည့် ပြည်သူများအား ကျိုင်းတုံ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနတွင် ဩဂုတ်လ ၂၁ ရက်က ပ ထမအကြိမ် အဖြစ် မြေယာနှင့် အ ဆောက်အဦ နစ်နာကြေးငွေများ ပေး အပ်ခဲ့သည်ဟု သိရသည်။
.
.
ကျိုင်းတုံမြို့နယ် လမ်းဦးစီးဌာန အနေဖြင့် ‌အဆိုပါ မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် မြေယာပါဝင် သွား သူများအား ပထမအကြိမ်အ ဖြစ်နစ်နာကြေး ပေးအပ်ခြင်းဖြစ်ပြီး ထပ်မံ‌၍လည်း နစ်နာကြေး ပေးအပ် သွားရန် ရှိနေကြောင်း သိရသည်။
.
အဆိုပါ နစ်နာကြေး ပေးအပ်မှု တွင် မြို့ရှောင်လမ်း ဖောက်လုပ်ရာ၌ မလွတ်ကင်းသည့် အဆောက်အဦ၊ မြေ၊ လူနေအိမ်၊ ရွာမြေ၊ ဂရန်မြေ များ အတွက် နစ်နာခဲ့သည့် ဒေသခံ ၁၂ ဦးအား လျော်ကြေးငွေ စုစုပေါင်း ၁၈၄၁၅၅၀၀၀ ကို ပေးအပ်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
.
ထို့အပြင် လယ်မြေ၊ ယာမြေနှင့် ရော်ဘာပင်များ အပါအဝင် လျော် ကြေးငွေကျပ် သိန်း ၄၆၀၀ ကိုလည်း ထပ်မံ ပေးအပ်သွားရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.
ကျိုင်းတုံ မြို့ရှောင်လမ်းသည် အရှည် ၁၀ ကီလိုမီတာ၊ လမ်းအ ကျယ် ၁၅၀ ပေရှိပြီး လမ်းနယ်နှင့် မ လွတ် ကင်းသည့် ပြည်သူ ၉၄ ဦး၏ နစ်နာမှု ပမာဏကို တွက်ချက်၍ လျော်ကြေးငွေများ ပေးအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats