နန်းထက်ထက်
.
ကျောက်မဲမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာတွင်
ယနေ့ ဩဂုတ်လ ၂၁ ရက်၊ နံနက်ပိုင်းက စိတ်ကြွ ရူးသွပ်ဆေးပြား ၄၄၅ ပြားနှင့် ဘိန်းဖြူများအား
သယ်ဆောင်လာသူ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ကျောက်မဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၁ ရက်၊ နံနက် ၉ နာရီခွဲခန့်က ကျောက်မဲမြို့ပေါ် ရပ်ကွက်များအတွင်း
လှည့်ကင်းဆောင်ရွက်နေစဉ် ကျောက်မဲမြို့နယ်၊ တံခွန်တိုင် ကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာ၊
အင်ကြင်းတောင်ပတ်လမ်းတွင် ဆိုင်ကယ် ၁ စီးနှင့်အတူ မသင်္ကာဖွယ် ရပ်တန့် နေသည့် အမျိုးသား
၂ ဦးအား စစ်ဆေးရာ ၎င်းတို့မှာ ကျောက်မဲမြို့နေ ဆိုင်မိန်း (ခ) အိုက်မိန်းနှင့် အောင်ကျော်မိုး
ဆိုသူတို့ဖြစ်ကြောင်း သိရပြီး ခန္ဓာကိုယ်အား စစ်ဆေးရာ ဆိုင်မိန်း (ခ) အိုက်မိန်း လွယ်ထားသည့်
ချည်လွယ်အိတ် အတွင်းမှ ဘိန်းဖြူအမှုန့်အလေးချိန် ၄ ဒသမ ၆ ဂရမ်ခန့်ပါ ကော်ဘူး တစ်ဘူး၊
အလေးချိန် ၇ ဒသမ ၅ ဂရမ်ခန့်ပါ ကော်ဘူး ၁ ဘူး၊ အပြာရောင်ကပ်ခွာအိတ်အတွင်း
ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော WY စာတမ်းပါ လိမ္မော်ရောင်ဆေးပြား ၂၀၀ ပြား၊ အလေးချိန် ၁၈ ဂရမ်ပါတစ်ထုပ်၊
အပြာရောင်ကပ်ခွာအိတ်အတွင်း ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော WY စာတမ်းပါ
လိမ္မော်ရောင်ဆေးပြား ၁၄၅ ပြား၊ အလေးချိန် ၁၃ ဒသမ ၀၅ ဂရမ်ပါ တစ်ထုပ်၊ အဝါရောင် အဖုံးဖုံးလျက်
ကော်ဘူးရှည်အတွင်း ထည့်ထားသည့် အပြာရောင် ကပ်ခွာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားဟု
ယူဆရသော WY စာတမ်းပါ
လိမ္မော်ရောင်ဆေးပြား ၁၀၀ ပြား၊ အလေးချိန် ၉ ဂရမ်ပါတစ်ထုပ်တွေ့ရှိရပြီး၊
အောင်ကျော်မိုး၏ ဝဲဘက်လက်အတွင်း ကိုင်ထားသော အပြာရောင် အဖုံးဖုံး ထားသည့် ကော်ဘူးအတွင်း
ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်အမှုန့်အလေးချိန် ၀ ဒသမ ၁ ဂရမ်ခန့်၊ စုစုပေါင်း
ဘိန်းဖြူ/ဝါအရောင်အမှုန့် အလေးချိန် ၁၂ ဒသမ ၂ ဂရမ်ခန့်နှင့် WY စာတမ်းပါ
လိမ္မော်ရောင်ဆေးပြား ၄၄၅ ပြား၊ အလေးချိန် ၄၀ ဒသမ ၀၅ ဂရမ်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများအား
သုံးစွဲ/ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသူ ဆိုင်မိန်း (ခ) အိုက်မိန်းနှင့် အောင်ကျော်မိုးတို့
၂ ဦးအား ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.