ကျောက်မဲတွင် ရေ အခက်အခဲ ဖြစ်ပေါ်နေသည့် ဘာသာပေါင်းစုံ သင်္ချိုင်းသို့ သဘာ၀ရေထွက်မှ ကိုယ်ထူကိုယ်ထ ရေသွယ်တန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် ရေ အခက်အခဲ ဖြစ်ပေါ်နေသည့် ဘာသာပေါင်းစုံ သင်္ချိုင်းသို့ သဘာ၀ရေထွက်မှ ကိုယ်ထူကိုယ်ထ ရေသွယ်တန်း


စိုင်းသိင်္ခသူ
.
ကျောက်မဲမြို့ရှိ ရေအခက်အခဲ ဖြစ်ပေါ်နေသည့် ဘာသာပေါင်းစုံ သင်္ချိုင်းသို့ သဘာဝ ရေထွက်မှ ကိုယ် ထူကိုယ်ထ ရေသွယ်ယူရေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.
.
ရေက အခေါင်းဆေးဖို့ကို နာရေး ကားတွေနဲ့ သယ်သွားရတဲ့ အခြေ အနေရှိတယ်။ ရေတွင်း တူးကြည့် လည်း မရဘူး။ အဝီစိတွင်းလည်း အဆင်မပြေဘူး။ ပလောင်ငြိမ်းချမ်း ရေးအဖွဲ့ရဲ့ သဘောတူညီချက်၊ ကူ ညီမှုတွေနဲ့ ရေပိုက်သွယ်နေတာ ဒီလ ကုန်ရင် ရောက်ပါပြီ။ ဘာသာပေါင်း စုံအတွက် ရေလုံလောက်စွာခွဲဝေပေး နိုင်မယ့်အပြင် သစ်ပင်တွေစိုက်ပြီး ရေလောင်းဖို့ လုပ်ဆောင်သွားမှာ ဖြစ် ပါတယ်”ဟု ကျောက်မဲမြို့နယ် အုပ် ချုပ်ရေးမှူး ဦးနိုင်ဝင်းက ပြောသည်။
.
ကျောက်မဲမှာတော့ လူသေနှုန်း က ပျမ်းမျှ တစ်ရက်ကို တစ်ယောက် လောက်ပဲ ရှိတယ်။ အများဆုံး ၆ ယောက် ရှိပေမဲ့ ကျန်တဲ့ ရက်တွေမှာ မသေတာလည်း ရှိတယ်။ သင်္ချိုင်း အတွက် ရေလိုအပ်ချက်ကို အခုလို ဖြည့်စွမ်းပေး နိုင်တာဟာ တကယ့် လိုအပ်ချက်ပါ”ဟု ကျောက်မဲမြို့ အ ခြေစိုက် ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြော သည်။
.
ကျောက်မဲမြို့မှ အရှေ့မြောက် ဘက် ၂ မိုင်ခွဲခန့်အကွာရှိ ဘာသာ ပေါင်းစုံ သင်္ချိုင်းတွင် ရေအခက်အခဲ ဖြစ်ပေါ် နေသည့်အတွက် ပလောင် ငြိမ်းချမ်းရေးအဖွဲ့၏ ပေ ၂၂၀၀ ခန့်မြင့် သည့် ငြိမ်းချမ်းရေးကုန်းရှိ သဘာဝ ရေထွက်မှ ရေကို သင်္ချိုင်းအရောက် ပေ ၄၀၀၀ ခန့်အား PVC ပိုက်များဖြင့် သွယ်ယူမည်ဖြစ်ပြီး ဖြိုးရွှေရည်သဇင် ဖြိုး ကုမ္ပဏီမှ စက်ယန္တရား အကူအ ညီဖြင့် မြောင်းများ တူးဖော်ဆောင် ရွက်လျက်ရှိကြောင်း ၎င်းထံက သိရ သည်။
.

Journal Download

Photo of three cats