မင်းဇော်မင်း
.
ကျောက်မဲမြို့၊ ရပ်ကွက် (၃)၊ နယ်မြေ (၃) ရှိ နေအိမ်တစ်လုံးတွင်
ယနေ့ ဩဂုတ်လ ၂၂ ရက်၊ နေ့လယ်ပိုင်းက ဘိန်းဖြူ ၂၁ ဂရမ်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးစီးသော တပ်ဖွဲ့ဝင်များ၊
အသိသက်သေများသည် ဩဂုတ်လ ၂၂ ရက်၊ နေ့လယ် ၁၁ နာရီ အချိန်ခန့်က ကျောက်မဲမြို့၊ ရပ်ကွက်
(၃)၊ နယ်မြေ (၁၂)၊ စဝ်စံထွန်းလမ်းနေ စိုင်းအောင်သန်း ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ
နေအိမ်အတွင်းရှိ ဆပ်ပြာခွက် ၂ ခွက်နှင့် ကော်ဘူးအတွင်း ထည့်ထားသော ဘိန်းဖြူဟု ယူဆရသည့်
ဖြူ/ဝါရောင်အမှုန့် အလေးချိန် ၂၁ ဂရမ်ခန့်အား တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများအား သုံးစွဲ/ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသူ
စိုင်းအောင်သန်းကို ကျောက်မဲမြို့မ ရဲစခန်းမှ မယ (ပ) ၄၀/၂၀၂၀၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေ ၁၉ (က) ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.