ကလောဆေးရုံတွင် အနံ့ မရသူ ပညာရေးဝန်ထမ်း တစ်ဦးကို သီးခြားထားရှိ၍ စောင့်ကြည့်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောဆေးရုံတွင် အနံ့ မရသူ ပညာရေးဝန်ထမ်း တစ်ဦးကို သီးခြားထားရှိ၍ စောင့်ကြည့်နေ


မင်းဇော်မင်း
.
ကိုယ်အပူချိန် မြင့်တက်မှု မရှိ၊ အဖျား မရှိသော်လည်း အနံ့ မရကြောင်း သတင်း ပို့လာသူ ပညာရေးဝန်ထမ်း တစ်ဦးအား သြဂုတ်လ ၂၄ ရက်၊ နံနက်ပိုင်းက ကလောမြို့နယ် ပြည်သူ့ဆေးရုံ သံဃာ ဆေးကုသဆောင်တွင် သီးခြား ထားရှိ၍ စောင့်ကြည့်နေလျက် ရှိကြောင်း ကလောမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
.

မနေ့ ညနေက ရေချိုးပြီးနောက် အနံ့မရဘူး ဖြစ်လာလို့ ဘေးနားက မိတ်ဆွေတွေက သတင်းပို့ရင်း ခုလို ဆေးရုံ တက်ရောက်ရတာပါသူ့ရဲ့ နှာခေါင်း၊ လည်ချောင်း တို့ဖတ်ကတော့ ၂၆ ရက်မှာ ပို့ပါ့မယ် ခုတော့ သီးခြားထားရှိပါတယ်ခရီးသွား ရာဇဝင်မရှိဘူးလို့ သိရတယ်၊ ဆက်စပ်သူတွေကိုလည်း စောင့်ကြည့်နေပါတယ်။” ဟု ကလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခုကဲ့သို့ ကိုယ်အပူချိန် မြင့်တက်မှု မရှိ၊ အဖျား မရှိသော်လည်း အနံ့ မရရှိဘဲ ဖြစ်နေသူမှာ ကလောမြို့ ၊ အမှတ်(၄)ရပ်ကွက်မှ ပညာရေးဝန်ထမ်း အမျိုးသမီး ဖြစ်ပြီး ကလောမြို့နယ်ဆေးရုံသို့ သတင်းပို့ခဲ့ပြီးနောက် ဆေးရုံရှိ သံဃာ ဆေးကုသဆောင်တွင် သီးခြား စောင့်ကြပ်လျက် ရှိပြီး ၎င်း၏ ဓါတ်ခွဲနမူနာအား ရန်ကုန်မြို့သို့ ပေးပို့ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats