မင်းမင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်
ဒေသအတွင်း နေထိုင်ကြသည့် အင်း တိုင်းရင်း သားများ၏ ရိုးရာယဉ်ကျေး မှု အမှတ်အသားကို
အမျိုးသမီးဝတ် လုံချည်တွင် ထည့်သွင်း ဒီဇိုင်းရေးဆွဲ ၍ ထုတ်လုပ်ရောင်းချသည့် ချည်ထည်လုပ်ငန်း အနေဖြင့် အင်းတိုင်း ရင်းသားများအား ပြန်လည်တောင်းပန်စေ လိုကြောင်း
ဒေသခံများထံက သိရသည်။
.
.
“အင်းတိုင်းရင်းသား
အများစုက အခုလိုလုပ်တာကို လုံးဝလက် မခံ ကြဘူး။ ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ် ကျေးမှု
ပုံရိပ် တစ်ခုကို မိန်းမထမီမှာ ထည့်ပြီး ဒီဇိုင်း ဖော်ထားရင် ဘယ် တိုင်းရင်းသားပဲ
ဖြစ်ဖြစ် ကန့်ကွက် ရှုတ်ချကြမှာပါ။ တချို့ကလည်း ဈေး ကွက် စီးပွားရေးအတွက်
ရိုးရာယဉ် ကျေးမှုပုံရိပ်တွေ ထည့်သွင်းအသုံးပြု တာ ဘာမှမဖြစ်လောက်ပါဘူး ဆိုပြီး ယူဆတဲ့သူတွေလည်း
ရှိတယ်။ အင်း သားတစ်ယောက်အနေနဲ့ တိုင်းရင်း သားလူမျိုးစုတွေကို နှိပ်ကွပ်တဲ့ သ
ဘောလား၊ စီးပွားရေးအရ ကိုယ့်ရဲ့ ထုတ်ကုန်တွေ ရောင်းအား ကောင်း အောင်
လုပ်တဲ့သဘောလားဆိုတာ ရှင်းရှင်းလင်းလင်း သိချင်တယ်။ နောက်ပြီး အပြုသဘောနဲ့ လုပ်တာ
ဆိုရင်လည်း အင်းတိုင်းရင်းသားတွေ ကို ပြန်တောင်းပန်စေချင်တယ်" ဟု Save The Inle Lake အဖွဲ့မှ
ကိုညီ ညီထွန်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
အင်းတိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု
အမှတ်အသားဖြစ်သည့် ခြေတစ်ဘက်ဖြင့် လှေလှော်ကာ ငါး ဖမ်းနေပုံကို ချည်ထည်လုပ်
ငန်းတစ် ခုမှ အမျိုးသမီးဝတ်လုံချည်၌ ထည့် သွင်း ပုံဖော်၍ ထုတ်လုပ်ရောင်းချခြင်း
နှင့်စပ်လျဉ်းပြီး လူမှုကွန်ရက်စာမျက် နှာများတွင် ဝေဖန် ကန့်ကွက်မှုများ
ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ညောင်ရွှေမြို့နယ် မဲ ဆန္ဒနယ်အမှတ် (၂) မှ
ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခင် မောင်ဝင်းကလည်း "ကိုယ့်လူမျိုးရဲ့
ရိုးရာ ယဉ်ကျေးမှု ပုံရိပ်တစ်ခုကို အ မျိုးသမီး ထမီမှာ အလှဖော်ထည့်သွင်း တာက
ကန့်ကွက်ရမှာပါ။ အခုလို လုပ်တာနဲ့ ပတ်သတ်ပြီး အင်းတိုင်း ရင်းသားတွေဘက်က
ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုကိုထိခိုက်နိုင်တယ် လို့ ယူဆရင်လည်း ယူဆလို့ရတာ
ပေါ့။ အင်းတိုင်းရင်းသား အကုန်လုံးက ကန့်ကွက်နေမှတော့ ကျွန်တော်တို့ လည်း
ကန့်ကွက်ရမှာပေါ့။ ပြည်သူ နဲ့ ကျွန်တော်တို့က တစ်သားထဲ ဖြစ် တယ်"ဟု
ပြောဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အင်းသား စာပေနှင့်
ယဉ်ကျေးမှုနှင့် ဒေသ ဖွံ့ဖြိုးရေးအသင်း (အဖွဲ့ချုပ်) အတွင်းရေးမှူး ဦးသောင်းရွှေထံသို့
ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်း ရာတွင် ပြည်နယ်လွှတ်တော် ကိုယ် စားလှယ်တစ်ဦးမှ
လာမည့် ရှမ်းပြည် နယ်လွှတ်တော် အစည်းအဝေး၌ အ ဆို တင်သွင်းမည်ဖြစ်ကြောင်း သိရ
သဖြင့် လွှတ်တော်တွင် အဆိုတင်သွင်း ဆွေးနွေးမည့်ရလဒ်ကို စောင့်ကြည့်
နေကြောင်းနှင့် ၎င်းတို့အသင်း အနေ ဖြင့် အင်းတိုင်းရင်းသား လူမျိုးများ၏
ပုံရိပ်ကို ထိခိုက်စေနိုင်သည့်မည်သည့် လုပ်ရပ်ကိုမဆို ကန့်ကွက် ရှုတ်ချသွား
မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။
.
ထိုကဲ့သို့ တိုင်းရင်းသား လူမျိုးစု များ၏ ရိုးရာယဉ်ကျေးမှု
ပုံရိပ်ကို ထိခိုက် စေမည့် လုပ်ရပ်များ မဖြစ် ပွားစေရန် နိုင်ငံတော်အစိုးရအနေဖြင့်
တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် ဥပဒေတစ်ရပ် ရေးဆွဲ
ပြဌာန်းပေးစေလိုကြောင်း ဒေသခံ များထံက သိရသည်။
.