ကွန်ဟိန်းမြို့နယ်ရှိ တာကော်တံတား စစ်ဆေးရေးဂိတ် အနီးတွင် ဩဂုတ်လ ၂၇ ရက်၊ နေ့လယ်ပိုင်းတွင် တန်ဖိုးငွေကျပ် ၃၂ ဘီလီယံခန့် တန်ဖိုးရှိ အိုက်စ်များကို ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။
.
သံလွင်မြစ်ကူးတံတား
(တာကော်)ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလိမြို့ဘက်မှ
မိုင်းပျဉ်းမြို့ဘက်သို့ ယာဉ်မောင်း စိုင်းသန်းထွန်း မောင်းနှင်ပြီး
ယာဉ်နောက်လိုက် ကျန်းမိန်မိန်း (ခ) ဝင်းနိုင်၊ မန်လွယ်ရွာ၊ ကွတ်ခိုင်မြို့နေသူ လိုက်ပါလာသည့်
ဆီဘောက်ဆာ ယာဉ်အား မသင်္ကာ၍ ရပ်တန့်ခိုင်းစဉ် စစ်ဆေးရေး ဂိတ်သို့ မရောက်မီ ယာဉ်အား
ရပ်တန့်၍ ယာဉ်မောင်းဖြစ်သူ စိုင်းသန်းထွန်းသည် ကားလမ်း၏ တောင်ဘက် လျှိုအတွင်းမှ တစ်ဆင့်
သံလွင်မြစ်အတွင်းသို့ ခုန်ဆင်း ထွက်ပြေးသွားခဲ့ပြီး ယာဉ်အား စစ်ဆေးရာ ယာဉ်၏ ဆီဘောက်ဆာအတွင်းမှ
အိုက်စ် ၁၆၀၀ ကီလို ဂရမ်ခန့်(ကာလတန်ဖိုးငွေကျပ် ၃၂ ဘီလီယံခန့်)ကို ယာဉ်နောက်လိုက် ကျန်းမိန်မိန်းနှင့်အတူ
ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က
ထုတ်ပြန်ထားသည်။
.
အဆိုပါ
ဖမ်ဆီးရမိ ယာဉ်နောက်လိုက် ကျန်းမိန်မိန်း၊
မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်အား ကာလိနယ်မြေရဲစခန်းသို့ လွှဲပြောင်း၍
ထွက်ပြေး တိမ်းရှောင်နေသူ စိုင်းသန်းထွန်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း
သိရသည်။