နန်းထက်ထက်
.
ကျိုင်းတုံမြို့နယ်တွင်
ငွေကျပ်သိန်း ၇၂၀၀ တန်ဖိုးရှိ ICE
များကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က
ဩဂုတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါး
တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံ ပူးပေါင်းစစ်ဆေးရေးစခန်းတွင်
မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မိုင်းခတ်ဘက်မှ ကျိုင်းတုံဘက်သို့
မိုင်းယန်းမြို့၊ စျေးတန်းရပ်ကွက် နေသူများ ဖြစ်သည့် စိုင်းမြအောင် မောင်းနှင်ပြီး
မနန်းနမ် (ခ) နန်းနစ်နှင့် မိုင်းယန်းမြို့နယ်၊ မိုင်းလွေ ကျေးရွာအုပ်စု၊
ယန်းခိုင်ကျေးရွာနေ အိုက်နွန်းတို့
စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ
ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ICE အလေးချိန် ၄၀ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေ
ကျပ်သိန်း ၇၂၀၀ )ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ အိုက်နွန်း နေထိုင်သည့် နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်ရှ ိကော်ဘူးအတွင်းမှ
ဆေးခြောက် အလေးချိန် ၃၅၀ ဂရမ်(ဒေသ ကာလပေါက်စျေး တန်ဖိုးငွေ ၃၅၀၀၀ ကျပ်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းလည်း
သိရသည်။
.
အဆိုပါ ICE
များနှင့် ဖမ်းဆီးရမိသူများကိို ကျိုင်းတုံမြို့မရဲစခန်းတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားပြီး
ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သိရသည်။