မင်းဇော်မင်း
.
တာချီလိတ်မြို့နယ်၊ မယ်လိတ်ပါကော်-ဝေလလန်ကျေးရွာချင်းဆက်လမ်းတွင်
ဩဂုတ်လ ၁၃ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ် သန်းပေါင်း ၁၅၆၅၀ တန်ဖိုးရှိ ICE ဟုယူဆရသော
အဖြူရောင်ပုံဆောင်ခဲ ၆၂၆ ကလိုအား ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
.
.
ဆက်လက်ပြီး ယာဉ်တွေ့ရှိရာနေရာ ပတ်လည်အား ရှာဖွေရာ ကိုက် ၅၀ ခန့်အကွာ
လျှိုအတွင်းမှ ICE ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၇၈ ကီလိုအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
.
အလားတူ ပူးပေါင်းအဖွဲ့မှ အသေးစိတ်ရှာဖွေရာ ဝမ်ဆောက်ခုံရွာ၏
အနောက်ဘက် ရာဘာတောအတွင်း ယာဉ်တစ်စီး ၏ နောက်ခမ်းအတွင်းမှ ICE ဟုယူဆရသော
အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၃၃၈ ကီလိုခန့်ကိုထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း
သိရသည်။
.
ဖမ်းဆီးရမိသူ တာချီလိတ်မြို့၊ ဝမ်ကောင်းမွန်ရပ်ကွက်နေ စိုင်းကျော်၏
ထွက်ဆိုချက်အရ ဩဂုတ်လ ၁၃ ရက်၊ နံနက် ၇ နာရီတွင် မယ်လိတ်ပါကော်ကျေးရွာသွား လမ်းဘေးရှိ
၎င်း၏ လယ်အတွင်းရေသွင်းနေမှဒကို ကြည့်ရှုနေစဉ် ယခင်က ရင်းနှီးခဲ့ဖူးသည့် ပီအိုက် (ခ)
စိုင်းခမ်း ဆိုသူ ရောက်ရှိလာပြီး မယ်လိတ်ပါကော်-ကျေးရွာသွားလမ်းကို မသိသဖြင့်
လိုက်ပို့ရန်နှင် လမ်းပြက ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁၀၀၀ ပေးမည်ဟု ဆိုသဖြင့် သဘောတူပြီး
ပီအိုက် (ခ) စိုင်းခမ်းမှ ၎င်း၏သူငယ်ချင်းများကို သွားရောက်ခေါ်မည်ဆိုကာ ယာဉ်နောက်မှ
ဆိုင်ကယ်ဖြင့်လိုက်ခဲ့ရန်ခေါ်သဖြင့် ဝမ်မုံကျေးရွာ အနီးရှိဖရဲခြံဆိုင်တွင် ၎င်းအားခေါ်ဆောင်လာသူနှင့်
ဖမ်းဆီးရမိသူ အပါအဝင် အမျိုးသား ၄ ဦးကို တွေ့ရှိကာ နေ့လယ်စာ အတူစားသောက်ပြီး ရှေ့ပြေးခေါ်ဆောင်လာစဉ်
ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
.
မူးယစ်ဆေးဝါးများတင်ဆောင်လာသည့် မော်တော်ယာဉ်ဖြင့် ဖမ်းမိသူ
ကာလိမြို့၊ နားတောင်းကျေးရွာနေ စိုင်းနော်ခမ်း ဆိုသူဖြစ်ပြီး ၎င်း၏ ပြောပြချက်အရ အဆိုပါ
မူးယစ်ဆေးဝါးများမှာ ၎င်းနှင့်ရင်းနှီးသည့် အိုက်ဆီ (ခ) စိုင်းဆီ မှတစ်ဆင့်
သိကျွမ်းရသည့် ပီကျွမ်မှ သယ်ခိုင်းသည့် မူးယစ်ဆေးဝါးများဖြစ်ကြောင်း၊ ဝမ်ဟိုင်းမှ
ပီကျွမ်၏တပည့် အိုက်လုံနှင့် အမည်မသိ တရုတ်လူမျိုးတို့ သယ်ယူပေးပို့လာသည့် ကား ၃
စီးကို သြဂုတ်လ ၉ ရက်တွင် ၎င်းနှင့်အတူ အိုက်ဆီ၊ အိုက်ပီး တို့ယာဉ်အသီးသီးဖြင့်
ကာလိသို့ သယ်ဆောင်လာခြင်းဖြစ်ပြီး ကာလိမှ တာချီလိတ်သို့သြဂုတ်လ ၁၂ရက်တွင် ဆက်လက်သယ်ဆောင်လာခြင်းဖြစ်ကာ
ယင်းမှ ရှေ့ပြေးဖြစ်သူ စိုင်းကျောက်၏ ဆိုင်ကယ်မှလိုက်ပါလာရင်း သြဂုတ်လ ၁၃ ရက်တွင်
ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်
နားတောင်းကျေးရွာ၊ ကာလိမြို့နေ စိုင်းနော်ခမ်း၊ တာချီလိတ် မြို့နယ်၊ မိုင်းကိုးအုပ်စု၊
ဝမ်ခုံကျေးရွာနေ စိုင်းကျောက် တို့ကို ဝမ်ပုံနယ်မြေရဲစခန်းမှ မယ(ပ)၁၁/၂၀၂၀၊
မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.