သီပေါမြို့နယ်၊ ကုံးမုံကျေးရွာတွင် ပစ်သတ်ခံထားရသည့် အလောင်း ၃ လောင်း တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါမြို့နယ်၊ ကုံးမုံကျေးရွာတွင် ပစ်သတ်ခံထားရသည့် အလောင်း ၃ လောင်း တွေ့ရှိ


စိုင်းသိင်္ခသူ
.
သီပေါမြို့နယ်၊ အရှေ့ဘက် ၁၉ မိုင်ခန့်အကွာရှိ ကွန်ခိုက်ကျေးရွာအုပ်စု၊ ကုံးမုံကျေးရွာ အနီး တောအတွင်း၌ သေနတ်ဖြင့် ပစ်သတ်ခံရထားသည့် အလောင်း ၃ လောင်းကို သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းက တွေ့ ရှိကြောင်း အဆိုပါ ရုပ် အလောင်းများအား သွားရောက် သယ်ဆောင်ရာတွင် ပါဝင်သူ သီပေါလူငယ်လူမှုကူညီရေးအသင်းမှ ကိုတူးလီထံက သိရသည်။
.
.
“ အားလုံး ဒဏ်ရာတွေက ကျော၊ ရင်ဘတ်၊ ခြေထောက် အားလုံးမှာပဲ၊ ဆိုင်ကယ်ကိုလည်း မီးရှို့ထားတယ်။ မူးယစ်ဆေးဝါး သုံးစွဲတဲ့ ဆက်စပ်ပစ္စည်းတွေလည်း တွေ့ရတယ်၊ ဒီနားဝန်းကျင်ပဲ မကြာခဏ မူးယစ်ဆေးဝါး လာသုံးတဲ့သူတွေ သတ်ခံနေရတာ၊။ အလောင်းတွေကို သီပေါဆေးရုံ ရင်ခွဲရုံကို ပို့ခဲ့ပါတယ်၊ အသက်ကတော့ ၃၀ နဲ့ ၄၀ ကြားတွေလို့ ထင်တယ်။ သေသူတွေက ဘယ်ကမှန်း မသိခဲ့ဘူး။” ဟု ကိုတူးလီက ပြောသည်။
.
၎င်းတို့ အနေဖြင့် မိုးရွာသွန်းမှုကြောင့် ရေဘေး ကြုံနေရသူများအား သွားရောက်ကူညီရာမှ အဆိုပါ ဖြစ်ရပ်အား သတင်း ရရှိပြီးနောက် နယ်စည်းမခြား ပရဟိတအသင်းမှ မော်တော်ယာဉ် ၃ စီးနှင့်အတူ သေဆုံးသူများအား သွားရောက် သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကုံးမုံကျေးရွာအနီး တောင်ယာတဲ ဝန်းကျင်တွင် ပြီးခဲ့သည့် ဧပြီလ ၉ ရက်၊ နံနက်ပိုင်းက အမည်မသိ အမျိုးသား  ၃ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၅ ဦးတို့ သေနတ် ဒဏ်ရာများဖြင့် အသတ်ခံထားရဖူးပြီး  ဇန်နဝါရီလ ၂၄ ရက်ကလည်း သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အလောင်း ၃ လောင်းကို လည်းကောင်း၊ ဇန်နဝါရီ ၁၁ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသူ အလောင်း ၂ လောင်းကို လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အလောင်း ၃ လောင်းတို့ကို တွေ့ရှိခဲ့သေးကြောင်း သိရသည်။
.

Journal Download

Photo of three cats