ငြိမ်းသူ (စလင်း)
.
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေ သ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၄
ရွာတွင် သောက်သုံးရေ ရရှိရေး အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနနှင့် Eastern
States Agri-business Project (ESAP)၊ UNICEF တို့ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.
.
ထိုသို့ ဆောင်ရွက်ရာတွင် ကုန်း လမ်းကျေးရွာ သောက်သုံးရေရရှိရေး အတွက်
စိမ့်စမ်းရေ ပိုက်လိုင်း အရှည် ၁၄၈၄၀ ပေ သွယ်တန်းခြင်း၊ နမ့်ဟူး ကျေးရွာတွင်
စိမ့်စမ်းရေပိုက်လိုင်း ၁၅၂၂၀ ပေ သွယ်တန်းခြင်း၊ ဝိန်းကွန် ကျေးရွာ တွင် ၀/၃
မိုင်ရှိ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းနှင့် ပန်တိုင်း ကျေးရွာတွင်
စိမ့်စမ်းရေ ပိုက်လိုင်း ၀/၂ မိုင် သွယ်တန်းခြင်း လုပ်ငန်းများကို
ဆောင်ရွက်လျက်ရှိကြောင်း ဆီဆိုင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ
သိရသည်။
အဆိုပါ ကျေးရွာ ၄ ရွာတွင် သောက်သုံးရေ ရရှိရေး လုပ်ငန်း ဆောင်ရွက်နေမှု
အခြေအနေများ အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ် (နေပြည်တော်)
မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်စု ဟန်၊ လက်ထောက် ညွှန်ကြားရေး မှူး
ဒေါ်ခိုင်မွန်ကျော်၊ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဒေါ်နော်မူးခိုဖော်နှင့် ဝန်ထမ်းများက ဩဂုတ်လ ၁၂ ရက်တွင်
ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည် များအား ပေါင်းစပ်ညှိနှိုင်း ဆောင်
ရွက်ပေးခဲ့ကြောင်း သိရသည်။
.
ဆီဆိုင်မြို့နယ်တွင် မြို့ ၁ မြို့၊ ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃
အုပ်စု၊ ကျေးရွာပေါင်း ၃၂၂ ရွာ ရှိပြီး မြို့နယ်လူဦးရေ တစ်သိန်းခွဲခန့် ရှိကြောင်း
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသဆိုင်ရာအချက် အ လက်များအရ သိရသည်။
.