ဟိုပုံးတွင် ငွေကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးတွင် ငွေကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဩဂုတ်လ ၂၇ ရက်၊ နေ့လယ်ပိုင်းက ငွေကျပ် သိန်း ၂၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၇ ရက်၊ နေ့လယ် ၂ နာရီအချိန်ခန့်က ဟိုပုံးမြို့နယ်၊ ဟိုပုံး-လွိုင်လင်သွား ကားလမ်းတွင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေစဉ် လွိုင်လင်မြို့ဘက်မှ ဟိုပုံးမြို့ဘက်သို့ လားရှိုးမြို့၊ ရပ်ကွက်(၁၂)နေ စိုင်းပန်းလူ စီးနင်းမောင်းနှင်လာသည့် AUDI A3 SALOON အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၂၀၀၀ အား သိမ်းဆည်းရမိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ စိုင်းပန်းလူအား ဟိုပုံးမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats