ဟိုပုံးတွင် ရေမီတာခ ကျသင့်ငွေ များပြားခြင်းကြောင့် ဒေသခံများ ဝေဖန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးတွင် ရေမီတာခ ကျသင့်ငွေ များပြားခြင်းကြောင့် ဒေသခံများ ဝေဖန်


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပ အိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မြို့နယ်စည်ပင်သာယာ ရေး ဌာနမှ ဖြန့်ဝေ ပေးနေသည့် သောက်သုံးရေ အတွက် ရေမီတာခ ကောက်ခံရာတွင် ကျသင့်ငွေ အဆ မတန် များပြားနေသည်ဟု ဆိုကာ ဒေသခံများမှ ဝေဖန်ပြောဆို လျက်ရှိ ကြောင်း သိရသည်။
.

.
ဟိုပုံးမြို့ပေါ်ရပ်ကွက်များရှိ စည် ပင်သာယာရေ သုံးစွဲသည့် နေအိမ်အ ချို့တွင် ဇူလိုင်လအတွက် ရေမီတာ ခ ကျသင့်ငွေမှာ ၃ သောင်း ကျပ်မှ တစ်သိန်းကျော်အထိ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဟိုပုံး တစ်မြို့လုံးနီးပါး ဖြစ်နေ တာပါ။ မကျေနပ်လို့ မဆောင်တဲ့သူ တွေလည်း အများကြီးရှိတယ်။ အရစ် ကျ ခွဲပေးပါဆိုလို့ ကျေနပ်တဲ့သူတွေ ကလည်း ပေးကြတယ်။ ပုံမှန်ထက် ကို ၃/၄ ဆလောက် တက် သွားတယ်။ ယူနစ်တက်လို့ ရေကိုလည်း အဲဒီ လောက် မသုံးရပါဘူး” ဟု ဟိုပုံး ဒေ သခံ တစ်ဦးက ပြောသည်။
.
ထို့အတူအခြား ဒေသခံတစ်ဦး ကလည်း “ရေကို နည်းနည်းလေးပဲ လာပြီး အခုက အရမ်းကြီးကို ဈေး များလွန်းတယ်။ ရေမီတာကို လတိုင်း လာဖတ်ပါ။ စုပြုံပြီးတောင်းတော့ မ ပေးနိုင်ဘူး။ စည်ပင်ကတော့ ခွဲပေး လို့ရတယ်လို့ ပြောပါတယ်”ဟု ပြော ဆိုခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဟိုပုံးမြိုန့ယ်စည်ပင်သာယာရေးဌာန မှ အမှုဆောင်အရာရှိ ဦးမောင်မောင် မြင့်အား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာ “ကျွန်တော်တို့ဆီမှာ ရေ မီတာဖတ်တဲ့ဝန်ထမ်း တစ်ယောက် ပဲရှိတယ်။ သူက သူ့စိတ်ထဲမှာတော့ စေတနာနဲ့ လျှော့ပြီး ဖတ်ပေးခဲ့တာ ပါ။ ကျွန်တော်တို့ လိုက်စစ်တော့ ယူ နစ်တွေ အများကြီး ကျန်နေတယ်။ အခုတစ်ခေါက်ကို ဆောင်လိုက်ရင် နောက်လတွေကျတော့ အမှန်အ တိုင်း ဖြစ်စေချင်တယ်။ ကျန်ခဲ့တဲ့ မီ တာယူနစ်တွေကို အခုမှ တစ်ခါတည်း  စုပြီး ရေးပေးလိုက်သလို ဖြစ်သွား တာပါ။ တစ်မြို့လုံးတော့ မဟုတ်ပါ ဘူး။ ပြည်သူတွေဝန်ထုပ်ဝန်ပိုး မဖြစ် အောင် စနစ်တကျ ဖတ်ဖို့ ဝန်ထမ်း ကိုလည်း ကြီးကြပ်ထားပါတယ်”ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
ဟိုပုံးမြို့ပေါ် ရပ်ကွက်များ အ တွင်း သောက်သုံးရေ ဖြန့်ဖြူးခြင်း လုပ်ငန်းအတွက် လွယ်အွန့်ကျေးရွာ ရေစုကန် မှတစ်ဆင့် ဟိုပုံးအထက (၁) ကျောင်းဝင်းမြောက်ဘက်ရှိ ရေဂါလံ ၁၀၀၀၀၀ ဆံ့ ရေသိုလှောင်ကန်ဖြင့် စည်ပင်သာယာရေးဌာနက ဖြန့်ဝေ ပေးနေခြင်း ဖြစ်ပြီး အိမ်ထောင်စု ၁၄၀၀ ကျော်အား ရေမီတာ တစ်ယူ နစ်လျှင် ၁၅၀ ကျပ်နှုန်း ကောက်ခံ ကာ  သောက်သုံးရေ ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
.
ထို့အပြင် ပြည်သူများအား သန့် ရှင်းသည့် သောက်သုံးရေ ရရှိရေးအ တွက် တစ်လတစ်ကြိမ်၊ ၂ လတစ် ကြိမ်နှုန်းဖြင့် ရေသန့်ဆေး ခတ်ခြင်း၊ ရေကန်ဆေးခြင်း၊ နုန်းဆည်ယူခြင်း လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဟိုပုံးမြို့နယ်စည် ပင်သာယာရေး ဌာနမှ သိရသည်။
.

Journal Download

Photo of three cats