ဟိုပုံးတွင် ခင်ပွန်းမှ ဇနီးဖြစ်သူအား သစ်သားတုတ်ဖြင့် ရိုက်နှက်သဖြင့် ဇနီးသည် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးတွင် ခင်ပွန်းမှ ဇနီးဖြစ်သူအား သစ်သားတုတ်ဖြင့် ရိုက်နှက်သဖြင့် ဇနီးသည် သေဆုံး


ကမ္ဘောဇတိုင်း
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ယနေ့ ဩဂုတ်လ ၂၈ ရက်၊ နံနက်အစောပိုင်းက လင်မယားချင်း စကားများ ရန်ဖြစ်ရာ ခင်ပွန်းဖြစ်သူမှ ဇနီးအား သစ်သားတုတ်ဖြင့် ရိုက်နှက်သဖြင့် ဇနီးဖြစ်သူ သေဆုံးပြီး ရိုက်နှက် သူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
.
.
ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက်၊ နယ်မြေ (၁/ခ) နေ ဘိုသန် (ခ) ကြည်လွင်သည် ဩဂုတ်လ ၂၈ ရက်၊ နံနက် ၅ နာရီခန့်က ဇနီးဖြစ်သူ နန်းဘိ (ခ) နန်းခင်အောင် နှင့် လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဘိုသန်က ဇနီး နန်းဘိ၏ ဦးခေါင်း အား အရှည် ၂၁ လက်မခန့်ရှိ ၃ လက်မ ၁ လက်မ သစ်သားချောင်းဖြင့် ရိုက်ခဲ့ရာ နန်းဘိတွင် ဝဲဘက်ဂျိုစောင်း ပေါက်ပြဲဒ ဏ်ရာတစ်ချက်၊ ဝဲဘက်မေး ပေါက်ပြဲ ဒဏ်ရာ ၂ ချက်၊ ယာနားရွက်ဘေး ပေါက်ပြဲဒဏ်ရာတစ်ချက်၊ လည်ပင်းဝဲဘက် ပွန်းခြစ်ဒဏ်ရာတစ်ချက်၊ ဝဲမျက်လုံး ညိုမဲဒဏ်ရာတစ်ချက်၊ နှာခေါင်း/နားရွက် သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် လဲကျသေဆုံးခဲ့ပြီး ဘိုသန် မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
.
အဆိုပါ နန်းဘိ သေဆုံးမှုနှင့် ပတ်သက်၍ လူကို သေဆုံးသည်အထိ သစ်သားချောင်းဖြင့် ရိုက်နှက်ခဲ့သူ ဘိုသန် (ခ) ကြည်လွင်အား ဟိုပုံးမြို့မရဲစခန်းတွင် (ပ) ၈၄/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats