နန်းခမ်းခြူး
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပ အိုဝ်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုန့ယ်အတွင်း အသက် ၆ လမှ ၅ နှစ် အရွယ်
ကလေးငယ်များအား၊ ဗီတာမင်အေ၊ သန်ချဆေး တိုက်ကျွေး ခြင်းနှင့် ပုံမှန်ကာကွယ်ဆေး
ထိုးနှံ ခြင်း လုပ်ငန်းများကို ဩဂုတ်လ ၇ ရက်မှ စတင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း
သိရသည်။
.
.
ယင်းကဲ့သို့ ဗီတာမင်အေနှင့် သံ ချဆေး တိုက်ကျွေးရာတွင် ကလေး
များ သန်မာဖွံ့ဖြိုးပြီး ဉာဏ်ရည် တိုးဖို့ သန်ချဆေးကို တိုက်ကျွေးစို့ ဟူသော
ဆောင်ပုဒ်နှင့်အညီ ကလေးငယ်များ အား အာဟာရချို့တဲ့မှု ကာကွယ်ပေး ခြင်း၊ သွေးအားနည်းရောဂါကို
ကာ ကွယ်ပေးခြင်း၊ ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းပြီး ဉာဏ်ရည်သွက်လက် ထက်မြက်စွာ
သွားလာလှုပ်ရှားနိုင်စေ ရေးအတွက် ဆောင်ရွက်ပေး နေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗီတာမင်အေနှင့် သံချ ဆေး တိုက်ကျွေးခြင်း အစီအစဉ်ကို
ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာ ဝန်ခံ ဆရာမများနှင့် တာဝန်ရှိသူများ က မိခင်နှင့်
ကလေး စောင့်ရှောက်ရေး အသင်းနှင့် ပူးပေါင်း၍ ဟိုပုံးမြို့ပေါ် ၆ ရပ်ကွက်တွင် ဩဂုတ်
လကုန်အထိ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရ သည်။
.