နန်းထက်ထက်
.
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊
ဟိုပုံးမြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာများအား ခရိုင်အဆင့်သို့ တိုး မြှင့်ခွင့်
ရရှိရေးအတွက် တင်ပြထား ကြောင်း သိရသည်။
.
.
“ဌာနဆိုင်ရာတွေကို ခရိုင်အဆင့် တိုးမြှင့်ဖို့
တင်ပြထားဆဲဖြစ်ပါတယ်။ အချိန်တော့ ပေးရမှာပေါ့။ လမ်းပန်း ဆက်သွယ်ရေးတွေလည်း လုပ်ရ
မယ်။ ရုံးတွေလည်း အဆင့်မြှင့်တင် ရမယ်”ဟု ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်
ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်က ပြောသည်။
ဟိုပုံးမြို့တွင် ဌာနဆိုင်ရာရုံး ၂၃ ရုံးရှိပြီး
ရုံးအားလုံး ခရိုင်အဆင့် တိုး မြှင့်ခွင့် ရရှိရေးအတွက် တင်ပြထား ခြင်း
ဖြစ်ကြောင်း သိရသည်။
.
၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ ဒေသများအတွင်းရှိ မြို့ နယ်များကို မူလခရိုင်မှ
ခွဲထွက်၍ သီး ခြား ခရိုင်အဖြစ် အဆင့်တိုးမြှင့်နိုင် ရေး အတွက်
ဆောင်ရွက်နေခြင်းဖြစ် ပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေ သအတွင်းရှိ ၃
မြို့နယ်နှင့် ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းရှိ ၂ မြို့နယ်ကို သီးခြား
ခရိုင်ဖွဲ့စည်းပြီး ပါက တောင်ကြီးခရိုင်၌ တောင်ကြီး၊ ညောင်ရွှေ၊ ကလော၊
ရပ်စောက်နှင့် ဖယ်ခုံမြို့နယ်တို့ ကျန်မည် ဖြစ်သည်။
.