ခိုးယူထားသော ဆိုင်ကယ် ၁၁ စီး ဟိုပုံးမြို့မရဲစခန်းတွင် ဖမ်းမိထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ခိုးယူထားသော ဆိုင်ကယ် ၁၁ စီး ဟိုပုံးမြို့မရဲစခန်းတွင် ဖမ်းမိထား


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ မြို့မရဲစခန်းတွင် ခိုးယူထားသော ဆိုင်ကယ် ၁၁ စီး ဖမ်းမိထားပြီး ပိုင်ရှင်ကိုယ်တိုင် လာရောက် ထုတ်ယူနိုင်ဟု ယနေ့(ဩဂုတ်လ ၅ ရက်)တွင် သိရသည်။
.

.
အဆိုပါ ဆိုင်ကယ်များအနက် ၂ စီးအား ပိုင်ရှင်ကိုယ်တိုင် လာရောက်ထုတ်ယူသွားပြီးဖြစ်ကာ ၉ စီး ကျန်ရှိကြောင်း ဟိုပုံးမြို့မရဲစခန်းမှ သိရသည်။
.
“ဆိုင်ကယ်က ၁၁ စီး ရှိပြီ။ ကျွန်တော်တို့က သူခိုးကို စစ်လိုက်၊ ပေါ်လိုက် လိုက်သိမ်းလိုက်ပါပဲ။ သူခိုးက လောလောဆယ်တော့ ၄ ယောက် မိထားပြီ။ အဲဒီ ၄ ယောက်ကိုတော့ တရားစွဲမယ့်ရက် မရောက်သေးဘူး။ တရားစွဲရမယ့်ရက် ရောက်ရင်တော့ ခိုးမှုတွေနဲ့ တရားစွဲရမယ်။ အခု အဲ့ ၄ ယောက်က ရဲစခန်း အချုပ်မှာ ရှိတယ်။ တောင်ကြီး ဘုရားဖြူရပ်ကွက်က တစ်စီး လာထုတ်သွားပြီ။ အခုက ဟိုပုံးတောင်ရပ်ကွက်က တစ်စီး လာထုတ်တယ်” ဟု ဟိုပုံးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စည်သူအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်သူများအနေဖြင့် ဆိုင်ကယ်ပျောက်ဆုံးမှု ရှိပါက ဟိုပုံးမြို့မရဲစခန်းသို့ လာရောက် ကြည့်ရှုပြီး ပိုင်ဆိုင်မှု အထောက် အထားနှင့်အတူ လာရောက်ရွေးယူနိုင်ကြောင်း သိရသည်။
.

Journal Download

Photo of three cats