ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်ရှိ ကိုယ်ထူကိုယ်ထ တံတားတည်ဆောက်မှု ရာနှုန်းပြည့်နီးပါး ပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်ရှိ ကိုယ်ထူကိုယ်ထ တံတားတည်ဆောက်မှု ရာနှုန်းပြည့်နီးပါး ပြီးစီး


နန်းထက်ထက်
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ မြို့ဦးကွက်သစ်ရပ်နှင့် မြို့ဦး ရပ်တို့ကို ဆက်သွယ်ပေးထားသည့် ကိုယ်ထူကိုယ်ထ တံတား တည် ဆောက်မှု ရာနှုန်းပြည့်နီးပါး ပြီးစီး နေပြီဖြစ်ပြီး မကြာမီ တံတားဖွင့်လှစ် နိုင်မည် ဖြစ်ကြောင်း သိရသည်။
.

.
“ဒီတံတားက နောင်တောင်း ဆ ရာတော် မတည်ပြီး ကိုယ်ထူကိုယ် ထနည်းနဲ့ လုပ်ဆောင်ထားတာ ဖြစ် ပါတယ်။ လိုအပ်သမျှတော့ ဆရာ တော်က ပံ့ပိုးပေးတယ်။ အလုပ်များ တဲ့အချိန် ရပ်ကွက်တိုင်းက လုပ်အား ပေး ဆင်းကြပါတယ်”ဟု တံတားတာ ဝန်ခံ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလွင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တံတားကို ၃ လကျော် အချိန်ယူ၍ ကိုယ်ထူကိုယ်ထ တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားတည် ဆောက်စဉ်က ရေမြှုပ်လျှပ်စစ် မော် တာမီးကြိုး ဝါယာရှော့ခ် ဖြစ်ရာမှ လုပ်အားပေးလာသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဓါတ် လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ရဖူးကြောင်း သိရသည်။
.
ယင်း တံတားသည် အိမ်ခြေ ၈၀၀ ခန့်ရှိ မြို့ဦးကွက်သစ်နှင့် အိမ်ခြေ ၇၀၀ ရှိ မြို့ဦးရပ်ကွက်ကို ဆက်သွယ်ပေး ထားခြင်းဖြစ်သည့်အတွက် တံတား ပြီးစီးပါက ရပ်ကွက် ၂ ခုမှ အိမ်ခြေ ၁၅၀၀ ခန့်တို့၏ သွားရေး လာရေးများ လွယ်ကူ အဆင်ပြေစေမည် ဖြစ် ကြောင်း သိရသည်။
.
ဟိုပုံးမြို့နယ်တွင် မြို့ပေါ်ရပ် ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၂ စု၊ ကျေးရွာပေါင်း ၂၉၂ ရွာရှိပြီး မြို့ နယ် လူဦးရေ ၁၀၄၂၀၂ ဦး ရှိကြောင်း သိရသည်။
.


Journal Download

Photo of three cats