ဟိုပုံးမြို့တွင် စည်ပင်သာယာရေးဌာနက ဖြန့်ဝေပေးသည့် ရေပိုက်များ ဖျက်ဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့တွင် စည်ပင်သာယာရေးဌာနက ဖြန့်ဝေပေးသည့် ရေပိုက်များ ဖျက်ဆီးခံရ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ ရပ်ကွက် အချို့စည်ပင်သာယာရေးဌာနက ဖြန့်ဝေပေးသည့် ရေပိုက်လိုင်းများကို ဩဂုတ်လ ၃ ရက်တွင် ဖျက်ဆီးခံရကြောင်း ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာနထံမှ သိရသည်။
.
၃ ရက်နေ့ ညပိုင်းက ဖျက်ဆီးခံရတာ။ ရဲစခန်းမှာ အမှု ဖွင့်ထားတယ်။ ကျွန်တော်တို့ အဲတာ(ရေပိုက်) တော့ ပြင်ဆင်ပြီးပါပြီ။ ကျွန်တော်တို့က ပြည်သူတွေ ရေပြတ်မှာ စိုးလို့ နောက်နေ့ မနက် ဖြစ်ဖြစ်ချင်းပဲ ပြင်လိုက်တယ်။ ခုကတော့ ရဲစခန်းမှာ စုံစမ်းဖော်ထုတ်ပြီးတော့ အရေးယူဆောင်ရွက်ဖို့တော့ ကျွန်တော်တို့ အမှု ဖွင့်ထားပါတယ်။ ဒါကိုတော့ အသိဉာဏ် ရှိတဲ့ ပြည်သူတွေကတော့ မလုပ်ပါဘူးဟု ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ယင်းကဲ့သို့ ဖျက်ဆီးခံရသည့် ရေပိုက်များအား သောက်သုံးရေ ပြတ်လတ်မှု မရှိစေရန်အတွက် ဟိုပုံးမြို့နယ် စည်ပင်သာယာရေးဌာနက ဩဂုတ်လ ၄ ရက်တွင် ပြန်လည် ပြင်ဆင်ပြီး ဖြစ်ကြောင်း သိရသည်။
.
အဲနေ့က လပြည့်နေ့လည်း ဖြစ်တယ်လေ၊ အခါကြီး ရက်ကြီးဆိုတော့ သောက်စား မူးယစ်ပြီးတော့ လုပ်သွားတာလည်း ရှိကောင်း ရှိနိုင်တာပေါ့။ ကျွန်တော် ထင်တာတော့ သောက်စား မူးယစ်ပြီးတော့ မ်းကားသွားတယ် ထင်တာပဲ။ နောက် လူတွေလည်း မလုပ်အောင် ၊ ပြည်သူပိုင် ပစ္စည်းတွေကို အဲဒီလို မဖျက်ဆီးအောင် ကျွန်တော်တို့လည်း အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်ဟု ဦးမောင်မောင်မြင့်က ဆက်လက် ပြောဆိုခဲ့သည်။
.
အဆိုပါ ရေပိုက်များအား ဖျက်ဆီးသူများအား ဖမ်းဆီး အရေးယူနိုင်ရေးအတွက် ဟိုပုံးမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats