Hotel HEHO ရှိ ပစ္စည်းများအား ရွှေ့ပြောင်းခြင်း မပြုရန်နှင့် ဧည့်သည် လက်ခံခြင်း မပြုရန် သက်ဆိုင်ရာမှ ညွှန်ကြားထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

Hotel HEHO ရှိ ပစ္စည်းများအား ရွှေ့ပြောင်းခြင်း မပြုရန်နှင့် ဧည့်သည် လက်ခံခြင်း မပြုရန် သက်ဆိုင်ရာမှ ညွှန်ကြားထား


နမ့်စန်မြို့နယ်မှ သယ်ဆောင်ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် ၈၀ ဘီလီယံခန့် တန်ဖိုးရှိ ICE မူးယစ်ဆေးများနှင့် စပ်လျဉ်း၍ ကလောမြို့နယ်ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာအုပ်စုကျောက်ကုန်းကျေးရွာ ဟဲဟိုး- အောင်ပန်း ကားလမ်းဘေးရှိ Hotel HEHO မှ ပစ္စည်းများအား ရွှေ့ပြောင်းခြင်း မပြုရန်နှင့် ဧည့်သည် လက်ခံခြင်း မပြုရန် သြဂုတ်လ ၁၄ ရက်တွင် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း သိရသည်။
.
အဆိုပါ ဟိုတယ်သို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဟဲဟိုးမြို့နယ်မြေစခန်းမှ တာဝန်ရှိသူများနှင့် ဝါးရုံပင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက သွားရောက်၍ ဟိုတယ် မန်နေဂျာနှင့် ဆောက်လုပ်ရေး တာဝန်ခံတို့အား တွေ့ဆုံကာ လက်ရှိ အမှု စစ်ဆေးဆဲ ကာလနှင့် တရားရင်ဆိုင်နေစဉ် ကာလများအတွင်း ဟိုတယ်၌လာရောက် တည်းခိုသည့် ဧည့်သည်များကို လက်ခံခြင်း မပြုရန်နှင့် ဟိုတယ်အတွင်းရှိ ပစ္စည်းများအား ရွှေ့ပြောင်း သယ်ဆောင်ခြင်း မပြုလုပ်ရန် အသိပေးပြောကြားခဲ့သည်ဟု သိရသည်။
.

အခက်အခဲကတော့ ထွေထွေထူးထူး မရှိပါဘူး။ ရုတ်တရက် ဖြစ်သွားတော့ ဝန်ထမ်းလစာ ပေးဖို့ ကိစ္စတွေ၊ ဟိုတယ်သုံး ပစ္စည်းတွေကို စာရင်းပြုစုဖို့တွေ စီစဉ်ရဖို့ ခက်သွားတာတွေလောက်ပဲ ရှိပါတယ်။ ဝန်ထမ်းတွေအတွက်ကတော့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့အပြင် ကိုဗစ်ကာလလည်း ဖြစ်တယ်၊ အလုပ်ရှာတဲ့ နေရာမှာတော့ အခက်ခဲ ဖြစ်သွားမှာပေါ့။ ဟိုတယ် ပိုင်ရှင်ဘက်ကလည်း ဝန်ထမ်းလစာ ထုတ်ပေးတာပဲ လုပ်ပေးနိုင်မှာဟု Hotel HEHO မှ မန်နေဂျာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၌ ဇူလိုင်လ ၃၁ ရက်၊ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူများနှင့် ဆက်စပ်ကာ ယင်း Hotel HEHO အား ယခုကဲ့သို့ ကန့်သတ်မှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသော်လည်း အကြောင်းအရာ အသေးစိတ်ကိုမူ မသိရချေ။
.
အဆိုပါ အမှုမှ ဖမ်းဆီးရမိသည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား ယာယီ ချိတ်ပိတ် သိမ်းဆည်း ထားရှိပြီး ကွင်းဆက် တရားခံများအား စစ်ဆေးလျက်ရှိကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတို့ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats