ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် အကြိမ် (၂၀) မြောက်ပုံမှန်အစည်းအဝေး ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် အကြိမ် (၂၀) မြောက်ပုံမှန်အစည်းအဝေး ကျင်းပမည်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အကြိမ် (၂၀) မြောက် ပုံမှန်အစည်းအဝေးကို လာမည့် စက်တင် ဘာလ ၂ ရက်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

.
“စက်တင်ဘာ ၂ ရက်မှာ ကျင်းပပါမယ်။ နောက်ဆုံးအစည်းအဝေး ရယ်လို့တော့ ပြောလို့မရသေးဘူးပေါ့။ ဖြစ်တော့ ဖြစ်နိုင်တယ်။ မေးခွန်းတွေ၊ အဆိုတွေ ရှိပါမယ်။ ဥပဒေမူကြမ်းကတော့ ဘတ်ဂျက်ဥပဒေကြမ်း ရှိပါမယ်” ဟု ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၃၉ ဦး ရှိပြီး လွှတ်တော် သက်တမ်းအတွင်း ပုံမှန်အစည်းအဝေး ၁၉ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၄ ကြိမ်နှင့် အထူးအစည်းအဝေး ၂ ကြိမ်၊ စုစုပေါင်း လွှတ်တော်အစည်းအဝေး ၂၅ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကာ ယင်းအစည်းအဝေးများတွင် အဆို ၆၃ ခု တင်သွင်းခြင်း၊ ကြယ်ပွင့်ပြမေးခွန်း ၁၀၆၀ ခု မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက ဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၇၇၆ ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats