နမ့်စန်တွင် ဖောင်ဒေးရှင်း ထူထောင်၍ မိသားစု အခြေပြု မူးယစ်ဆေးဝါး လျှော့ချရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်တွင် ဖောင်ဒေးရှင်း ထူထောင်၍ မိသားစု အခြေပြု မူးယစ်ဆေးဝါး လျှော့ချရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင် လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဖောင် ဒေးရှင်းထူထောင်၍ မိသားစုအခြေပြု မူးယစ်ဆေးဝါးလျှော့ချရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ပူပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။'
.

.
အသစ်ဖွဲ့စည်းမည့် နမ့်စန်အခြေ စိုက် Happy Life ဖောင်ဒေးရှင်းမှ ရှမ်းပြည်နယ်တောင်ပိုင်း မူးယစ်ဆေး ဝါး ဆန့်ကျင်ရေးအသင်း (MANA) နှင့် ပြည်ကြီးခင်အဖွဲ့တို့နှင့် ပူးပေါင်းကာ ယင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း ဖောင်ဒေးရှင်း တည် ထောင်သူ ဦးကောင်းမြတ်သူ ထံက သိရသည်။
.
ပါရဂူဆရာကြီး အပါအဝင် အားလုံးပူးပေါင်းပြီး စိတ်ပိုင်း၊ မူးယစ် ဆေးစွဲသူ လျှော့ချရေး၊ မိသားစု အ တွင်း ညှိနှိုင်းတိုင်ပင် လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွား မှာဖြစ်ပါတယ်”ဟု ဦးကောင်းမြတ် သူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဖောင်ဒေးရှင်း အနေဖြင့် မိသား စုများ၊ ဆေးစွဲသူများနှင့် ညှိနှိုင်းတိုင် ပင်ကာ ဆေးစွဲမှုလျှော့ချရေး၊ ဘဝ ပြန်လည် ထူထောင်ရေး၊ HIV/AIDS၊ အသည်းရောင်၊ အသားဝါ B ပိုး၊ C ပိုးများစစ်ဆေးခြင်း၊ B ပိုး ကာ ကွယ်ဆေး ထိုးနှံပေးခြင်း၊ HIV/AIDS ဖြစ်ပွားသူများအား ART ဆေး ရရှိ အောင်ဆောင်ရွက်ပေးခြင်း၊ မက်သဒုံ ဆေးဖြတ်စခန်းနှင့် ချိတ်ဆက်ပေး ခြင်းများအပြင် အခြား ရောဂါများ အားလည်း တတ်စွမ်းသမျှ စမ်းသပ် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်သွား ရန်ရှိကြောင်း သိရသည်။
.
မနေ့ကပဲ လူနာ၂၀ ဦးလောက် စစ်ကြည့်တာ HIV/AIDS ၁၀ ဦးတွေ့ သလို B ပိုး C  ပိုးတွေလဲ တွေ့ရ တယ်၊ သြဂုတ်လမှာ လိုအပ်တဲ့ ကိစ္စတွေ ပြည့်စုံလာတဲ့အပေါ် မူတည်ပြီး လုပ် ငန်းများ ပိုမို လုပ်ဆောင်သွားဖို့ ရှိ ပါမယ်”ဟု ရှမ်းပြည်နယ် တောင် ပိုင်း MANA တာဝန်ခံ ဒေါက်တာ သန်းမျိုးထွန်းက ပြောသည်။
.
ပထမ ၆ လအတွင်း တွေ့ရှိလုပ် ဆောင်မှုများအပေါ် ခွင့်ပြုချက်ရ ရှိ ပါက အနည်းဆုံး ၂ နှစ်ခန့်အထိ ယခု လု ပ်ငန်းများကို လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
.
နမ့်စန်အခြေပြု Happy Life ဖောင်ဒေးရှင်း အနေဖြင့် နမ့်စန်မြို့ရှိ မူးယစ်ဆေးစွဲနေသူများကို မူးယစ်နွံ မှ ရုန်းထွက်နိုင်ရေးအတွက် နှစ်သိမ့် အားပေးခြင်း၊ မိသားစုနှင့်ဆွေးနွေး ခြင်း၊ အကြံပြုခြင်း၊ ဆေးကုသမှု ခံ ယူနိုင်ရေး လမ်းညွှန် ကူညီပေးခြင်း များ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည် ကြီးခင် အဖွဲ့အနေဖြင့် HIV/AIDS ရောဂါရှင်များအား ဆေးစစ်နိုင်ရန် စ ရိတ်မှ အစဆေးများ ရရှိရေးဆောင် ရွက်ပေးသည့် လုပ်ငန်းများ လုပ် ဆောင်လျက်ရှိ ကြောင်း သိရသည်။
.
MANA ရုံးခန်းကို နမ့်စန်မြို့၊  အမှတ် (၄) ရပ်ကွက်ရှိ လျှပ်စစ်ရုံး နောက်၊ (ကျော်စောသိန်း သံပန်းအိမ်) နောက်တွင်ဖွင့်လှစ် ထားရှိထားပြီး လိုအပ်သလို တွေ့ဆုံ ဆွေးနွေးနိုင် ကြောင်း သိရှိရသည်။
.
Happy Life ဖောင်ဒေးရှင်းကိုမူ ကောင်းမြတ်သူ ကိုယ်ပိုင်ကျောင်း တွင် ယာယီ ဖွင့်လှစ်ထားရှိကာ မ ကြာမီတွင် သီးခြား ရုံးဖွင့်လှစ်ရန် ရှိ ကြောင်း သိရသည်။
.

Journal Download

Photo of three cats