ခွန်ရဲထွေး (ဆီဆိုင်)
.
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့နယ်၊
နောင်ကျော ကျေးရွာအုပ်စု၊ တခေါ့ခွန်ကျေးရွာ တွင် မြ စိမ်းရောင်ကျေးရွာ စီမံကိန်း
အတိုးရငွေဖြင့် ဆရာ/ဆရာမ ဝန် ထမ်းအိမ်ရာ ဆောက်လုပ်ပေးလျက် ရှိကြောင်း သိရသည်။
.
.
အဆိုပါ ဆရာ/ဆရာမ ဝန်ထမ်း အိမ်ရာ
တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ တခေါ့ခွန်ကျေးရွာ
မြ စိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရ ငွေကျပ် ၁၄၅ သိန်းဖြင့် အလျားပေ ၄၅ ၊ အနံ ၂၆
ပေ၊အမြင့် ၁၂ ပေ၊ ၂ ခန်း တွဲ တစ်ထပ် ဝန်ထမ်းအိမ်ရာဆောက် လုပ်ခြင်းဖြစ်ကြောင်း
သိရသည်။
ဝန်ထမ်းအိမ်ရာ တည်ဆောက် ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအ
ခြေအနေနှင့် သတ်မှတ်အရည် အ သွေး ပြည့်မီခြင်း ရှိ/မရှိကို ဩဂုတ် ၁၇ ရက်
နေ့လယ်ပိုင်းက ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး
ဦးအောင်နိုင်ဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
.