ဆီဆိုင်တွင် ရဟန်းအချင်းချင်း သတ်မှုဖြစ်ပွား၊ ကျူးလွန်သူမှ မိမိကိုယ်ကို သတ်သေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, August 11, 2020

ဆီဆိုင်တွင် ရဟန်းအချင်းချင်း သတ်မှုဖြစ်ပွား၊ ကျူးလွန်သူမှ မိမိကိုယ်ကို သတ်သေ


စုလှိုင်
.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာရှိ ရေလယ်ကျွန်း ဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ်လ ၁၀ ရက်က ရဟန်းအချင်းချင်း သတ်မှုဖြစ်ပွားပြီး ကျူးလွန်သူမှ မိမိကိုယ်ကို ကြိုးဆွဲချသတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
နောင်ထောဝ်ကျေးရွာ၊ ရေလယ်ကျွန်းဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသော ဦးရှင်ဝိသ၊ သက်တော် ၇၃ နှစ်၊ ဝါတော် ၂၀ ဝါ သည် ဩဂုတ်လ ၁၀ ရက်၊ နံနက်ပိုင်းက နောင်ထောဝ်ရဲကင်းရှေ့ ခြံစည်းရိုးအဝင်တွင် ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရပြီး သေဆုံးသူ အလောင်း၏ သံဃာဝတ်အတွင်းခံ အတွင်းမှ ရေလယ်ကျောင်းဆောင် ပေါ်၌ ဦးစန္ဒိမာအား သတ်ခဲ့ကြောင်း စာတစ်စောင်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ထို့နောက် နောင်ထောဝ်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာ ရေလယ်ကျွန်းဘုန်းကြီးကျောင်းသို့ သွားရောက်စစ်ဆေးရာ ကျောင်းဆောင် ဘုရားစင်ရှေ့တွင် ဦးစန္ဒိမာ၊ သက်တော် ၆၃ နှစ်၊ ဝါတော် ၇ ဝါ အား ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာ ၅ ချက်ဖြင့် လဲကျသေဆုံးနေသည်ကိုတွေ့ရပြီး အနီးတွင် အရိုးအသွားပါ ပေါက်ချွန်းတစ်လက်အား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ဘုန်းကြီးအချင်းချင်း သတ်တာ ဟုတ်ပါတယ်။ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်” ဟု ဆီဆိုင်မြို့နယ် ရဲစခန်း မှ ဒုရဲမှူး သီဟန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါအမှုနှင့်ပတ်သက်၍ ဆီဆိုင်မြို့မရဲစခန်းတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေး‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About