သိန္နီတွင် ကားပေါ်၌ သိုဝှက် သယ်ဆောင်လာသည့် လက်နက်များအား ပိုင်ရှင်မဲ့ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သိန္နီတွင် ကားပေါ်၌ သိုဝှက် သယ်ဆောင်လာသည့် လက်နက်များအား ပိုင်ရှင်မဲ့ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် ကားပေါ်၌ သိုဝှက် သယ်ဆောင်လာသည့် လက်နက်များအား ဩဂုတ်လ ၃ ရက်က ပိုင်ရှင်မဲ့ အဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စု၊ လားရှိုးမှ တာဝန်ကျ လှုပ်ရှား ပူးပေါင်းဖွဲ့သည် သိန္နီ-ကွတ်ခိုင် ပြည်ထောင်စုလမ်းမကြီး သိန္နီမြို့အဝင်၊ အိုရီယမ်တယ် တိုးဂိတ်အနီး၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကျောက်ပြုန်းတောင်အနီးတွင် မသင်္ကာဖွယ် ကား ရပ်တန့်ထားသည့် နေရာအား သက်သေများနှင့်အတူ သွားရောက် စစ်ဆေးစဉ် လက်နက်များအား ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
(Photo - IPRD)
ယင်းကဲ့သို့ လှုပ်ရှား ပူးပေါင်းအဖွဲ့ စစ်ဆေးစဉ် ယာဉ်မောင်းကို မတွေ့ရဘဲ ယာဉ်၏ နောက်ခန်း မျက်နှာကျက်အတွင်းနှင့် ယာဉ်၏ အနောက်ဖက် ဘီးထားသည့် နေရာတို့တွင်  သိုဝှက် သယ်ဆောင်လာသည့် မောင်းပြန်ရိုင်ဖယ် စုစုပေါင်း ၁၀ လက်နှင့် ကျည်အိမ် ၄၀ ခု (ကျည်မပါ)၊ သေနတ်တိုက်တံ ၆ ဘူးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ဖမ်းဆီးရမိသော လက်နက်များနှင့် ပတ်သက်၍ သိန္နီမြို့မရဲစခန်းတွင် အမှုဖွင့် သိုဝှက် သယ်ဆောင်လာသူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats