မင်းမင်း
.
ရှမ်းပြည်နယ်အစိုးရနှင့် ပြည်သူ များ ပူးပေါင်း၍
တောင်ကြီးမြို့ကို Green
City အဖြစ် ဖော်ဆောင်နိုင် မည်ဖြစ်သည်ဟု တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေက ပြောဆိုခဲ့ သည်။
.
.
မြို့တော်တောင်ကြီးရှိ တောင် ကုန်းတောင်တန်းများနှင့်
သစ်တော သစ်ပင်များ ပျက်စီးနေခြင်းနှင့် စပ် လျဉ်း၍ သဘာဝ အရင်းအမြစ်များ
ထိန်းသိမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၂ ရက်က တောင်ကြီးမြို့၊ သစ်တောရပ်
ကွက်ရှိ ခရိုင်နှင့် မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ
အစည်းအဝေး အပြီး တွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဒေါ်သန်းငွေက
ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“သစ်တောရပ်ကွက်
ရေအေး ကွင်းရပ်ကွက် ကျောင်းကြီးစုရပ် ကွက် တို့လို ရေကန်တွေ ရေထွက်တွေ ရှိတဲ့
ရပ်ကွက်တွေက ပိုအရေးကြီး တာပေါ့။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် တာတွေ၊
တောမီးလောင်တာတွေ မရှိတော့အောင် ပြည်သူလူထု၊ အ ရပ်ဘက် အသင်းအဖွဲ့တွေနဲ့ အစိုးရ
ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဆိုင်း ဘုတ်တွေ များများ တင်ရမယ်။ ဒီဆွေး
နွေးပွဲကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပါဝင်ကူညီ ပေးမယ့်သူတွေ အနေနဲ့
ကိုယ်ထိ လက်ရောက် ပါဝင်ကူညီလာကြ တယ်။ အစိုးရဘက်ကလဲ အကောင် ထည်ပေါ်လာအောင်၊
အကောင်ထည် ဖော်နိုင်အောင် Green
City ဖြစ်တဲ့ အထိ စွမ်းဆောင်နိုင်မယ်"ဟု တောင် ကြီးမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာဒေါ်သန်းငွေက မီဒီယာများသို့ ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ သဘာဝအရင်း မြစ်များ ထိခိုက်ပျက်ဆီးခြင်း မရှိ
စေရန် လုပ်ဆောင်ရာတွင် သက်ဆိုင် ရာ ဌာနများ အနေဖြင့် ပိုမိုလုပ်ဆောင်
ရန်လိုအပ်သည့်အပြင် ဖမ်းဆီးဒဏ် ရိုက် အရေးယူခြင်းများ လုပ်ဆောင် ခြင်းထက်
အသိပညာပေးခြင်းကို ပို မို လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြု ပြောဆိုခဲ့သည်။
.
"အခုလို
သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်ဆီးမှုတွေ မဖြစ်ဖို့အတွက် တရားဥပဒေက တိတိကျကျ
စိုးမိုးမှု ရှိဖို့ လိုတယ်။ ဥပဒေတွေက သစ်ပင် တွေမှာ ကပ်ထားတဲ့ သစ်တစ်ပင် ခုတ်ရင်
ထောင်သုံးနှစ်ဆိုတာ တ ကယ်လုပ်ဖို့ လိုတယ်။ ဒီ ဥပဒေတွေ တိတိကျကျ စိုးမိုးဖို့
လုပ်ဆောင်တဲ့ အခါ လုပ်ပိုင်ခွင့်တွေ ပေးဖို့က အဓိက ပါ"ဟု
ရှင်သန်ကမ္ဘာမြေအစိမ်းရောင် ကွန်ရက်မှ ဒေါ်ချယ်ရီကျော်ကလည်း ၎င်း၏အမြင်ကို
ပြောဆိုခဲ့သည်။
.
ထို့အပြင် တောင်ကြီးမြို့ ရေဝေ ရေလွှဲဒေသများနှင့် သဘာဝ
အရင်း မြစ်များ ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် အရပ်ဘက် လူမှုအသင်း အဖွဲ့များ၏
လက်မှတ်ရေးထိုး တင် ပြချက်များအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှတစ်ဆင့်
ရှမ်းပြည် နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီး ပြည် နယ်အစိုးရမှ ပြန်လည်ညွှန်ကြားလာ
မှုကြောင့် ယခုဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ရခြင်းဖြစ်သည်ဟု သိရသည်။
.
ဆွေးနွေးပွဲတွင် တောင်ကြီးခရိုင် စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ ဦးကိုကို လွင်၊ တောင်ကြီးတက္ကသိုလ် ဘူမိဗေဒ ဌာနမှ ပါမောက္ခ ဒေါက်တာဒေါ်
သန်း စိန်၊ တောင်ကြီးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်
အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦး၊ ရှမ်း ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်း ရေး
ဦးစီးဌာနမှ ဦးတင်စန်းမင်း၊ ပြည် နယ်သစ်တော ဦးစီးဌာနမှ ဦးအောင် မျိုးခိုင်တို့က
အသီးသီး ဆွေးနွေး တင် ပြခဲ့ကြကြောင်း သိရသည်။
.