ရှမ်းပြည်နယ်အတွင်းရှိ မဲပေးပိုင်ခွင့် ရှိသူ အားလုံး လုံခြုံစိတ်ချမ်းမြေ့စွာ မဲပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ပြည်နယ်၀န်ကြီးချုပ်ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းရှိ မဲပေးပိုင်ခွင့် ရှိသူ အားလုံး လုံခြုံစိတ်ချမ်းမြေ့စွာ မဲပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ပြည်နယ်၀န်ကြီးချုပ်ပြောကြား


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်းရှိ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး လုံခြုံစိတ် ချမ်းမြေ့စွာ မဲပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင် ရွက်ပေးရန် လိုကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ပြောဆိုခဲ့ သည်။
.

.
၂၀၂၀ ပြည့်နှစ်၊ ရှမ်းပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီး အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ် များ ရှင်းလင်းဆွေးနွေးပွဲကို ဩဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီက ‌တောင်ကြီး မြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အ စည်းအဝေးခန်းမ၌ ကျင်းပရာ အ စည်းအဝေးတွင် ပြည်နယ်ဝန်ကြီး ချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင် မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်း ပြည်နယ်အတွင်း မဲပေးပိုင်ခွင့် ရှိသူ အားလုံး မဲပေးနိုင်ရန်မဲစာရင်းမှန်မှန် ကန်ကန် ရှိစေရန် မဲဆန္ဒရှင်ပြည်သူ များ လုံခြုံစိတ်ချမ်းမြေ့စွာ မဲပေးနိုင် ရန် အုပ်ချုပ်မှု ဆိုင်ရာ လုပ်ငန်းများ ပြည့်စုံစွာ ပေါင်းစပ် ညှိနှိုင်းဖြည့် ဆည်း ဆောင်ရွက်နိုင် ရန် လိုကြောင်း အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် ရှမ်းပြည်နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က မဲဆန္ဒရှင်များ မဲစာ ရင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြော ကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တက် ရောက်လာသည့် ရှမ်းပြည်နယ်အ တွင်းရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးများ မှ တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၅၅ နေရာ၊ အမျိုးသားလွှတ်တော် မဲ ဆန္ဒ နယ်မြေ ၁၂ နေရာ၊ ပြည်နယ်မဲ ဆန္ဒနယ်မြေ ၁၁၀ နေရာနှင့် တိုင်း ရင်းသားလူမျိုး မဲဆန္ဒနယ်မြေများအ ဖြစ် ဗမာ၊ ကချင်၊ လီဆူ၊ လားဟူ၊ အင်းသား၊ အာခါနှင့် ကယန်း တိုင်း ရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ် များ သတ်မှတ် ထားရှိပြီး ရှမ်းပြည် နယ်အတွင်း မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၃၅ သိန်းကျော်ခန့် ရှိကြောင်း သိရ သည်။
.
မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန် ကန်ရေးအတွက် ပံ့ပိုးကူညီရေး အ ဖွဲ့ကို ပြည်နယ်ဝန်ကြီးချုပ်က ဦး ဆောင်ပြီး အဖွဲ့ဝင် ၅ ဦးဖြင့် ညွှန် ကြားချက်နှင့်အညီ ဖွဲ့စည်းထား ရှိပြီး ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats