စိုင်းသိင်္ခသူ
.
ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) သည် ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) နှင့် ရှမ်းပြည်
တိုင်းရင်းသားညီနောင်များအဖွဲ့ချုပ် (LSSEP) အဖွဲ့ဝင် ပါတီများ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ
ကို တတ်နိုင်သမျှ ရှောင်ရှား၍ တစ် နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၆ နေရာ သာ
ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံ သွားမည်ဖြစ်သည်ဟု သိရသည်။
.
.
“တတ်နိုင်သမျှ ရှောင်တယ် ဆို ပေမဲ့ ထိပ်တိုက်တိုးတာတွေရှိပါ
တယ်။ ဥပမာ ကလောမှာ မဝင်ဘူး ပြောလို့ FUP အနေနဲ့ အပြည့်ဝင်ဖို့ လုပ်ပြီးမှ ပြည်နယ် ၂ နေရာ လာဝင်လို့
ထိပ်တိုက်တိုးတာ ရှိပါတယ်” ဟု ဖက်ဒရယ် ပြည်ထောင်စုပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစဝ်သာဦးက
ကမ္ဘောဇတိုင်း သို့ ပြောသည်။
FUP ပါတီမှ
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေ
နှင့် လွှတ်တော်ကိုယ် စားလောင်းများ မှာ ရှမ်းပြည်နယ် အမျိုးသားလွှတ် တော်
မဲဆန္ဒနယ် အမှတ်(၄) နေရာ အတွက် စိုင်းကျော်ဇောသန်း၊ ရပ်စောက်မြို့နယ်
ပြည်သူ့လွှတ်တော် နေရာအတွက် ဒေါ်တင်တင်ရွှေ၊ ရပ် စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)
ပြည်နယ်လွှတ်တော် နေရာအတွက် ဦးမောင်ရင်ငယ်၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)
ပြည်နယ်လွှတ် တော်နေရာအတွက် ဦးဇင်ကိုကိုဦး ခေါ်ဦးဇင်ကို၊ ကလောမြို့နယ် ပြည်
သူ့လွှတ်တော် နေရာအတွက် ဒေါ်ဖြိုးသီရိနှင့် ကလောမြို့နယ် ပြည်နယ်မဲ
ဆန္ဒနယ်အမှတ်(၂) နေရာအတွက် ခွန်ပြည်စိုး တို့ဖြစ်ကြောင်း သိရသည်။
.
ရပ်စောက်မြို့နယ်တွင် မဲဆန္ဒ နယ် ၂ နေရာလုံး
ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး ဖယ်ခုံတွင် ကယန်း အမျိုး သားပါတီ၊ ညောင်ရွှေတွင်
အင်းပါတီ များနှင့် ထိပ်တိုက် မတိုးရေး ရှောင် ရှားခဲ့ခြင်း ဖြစ်ကြောင်း ဦးစဝ်သာဦး
က ဆက်လက် ပြောဆိုခဲ့သည်။
.
ဖယ်ဒရယ် ပြည်ထောင်စုပါတီ (FUP) ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် ပါတီမှတ်ပုံတင်အမှတ်
(၇၁)ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မည် သည့်
နေရာတွင်မျှ အနိုင်ရခဲ့ခြင်း မရှိဘဲ NBF အဖွဲ့ဝင် ၂၂ ပါတီဖြင့်လည်း ကောင်း၊ LSSEP ၉ ပါတီ ဖြင့်လည်း
ကောင်း မိတ်ဆွေပါတီများအဖြစ် ရပ်တည်လျက်ရှိ ကာ ပါတီဥက္ကဌမှာ ဦးစောသန်းမြင့်
ဖြစ်ကြောင်း သိရ သည်။
.