စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ အပန်း ဖြေစခန်း၊
တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခ ဗေဒဥယျာဉ် တည်ထောင်ခြင်းဆိုင် ရာ နည်းဥပဒေများ
ထုတ်ပြန်နိုင်ရေး အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင် လ ၂၉ ရက်က တောင်ကြီးမြို့၊
ရှမ်း ပြည်နယ် သစ်တောဦးစီး ဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
“ဥပဒေပြဌာန်းပြီးတော့
တကယ် လက်တွေ့လုပ်နိုင်ဖို့ နည်းဥပဒေ လို နေတဲ့အတွက် ဆွေးနွေးတာ အခု ၅
ကြိမ်လောက်ရှိပြီ။ နောက်ထပ် တစ် ကြိမ်လောက်ဆိုရင် ပြီးတော့မယ်။ သြဂုတ်လထဲမှာ
နောက်တစ်ကြိမ် အစည်းအဝေး လုပ်ပြီး အမြန်ဖြတ် မှာပေါ့။ လာမယ့် ပွင့်လင်းရာသီမှာ
ဒီစနစ်ကို ကျင့်သုံးနိုင်ဖို့ ကြိုးစားနေပါ တယ်” ဟု ရှမ်းပြည်နယ်သစ်တော ဦး
စီးဌာနမှ ညွန်ကြားရေးမှူး ဦးခင် မောင်ဝင်းက ပြောသည်။
ရှမ်းပြည်နယ်အတွင်း အပန်းဖြေ စခန်း၊ တိရစ္ဆာန်ဥယျာဉ်များ
လျှောက် ရာ၌ လျှောက်ထားရမည့် ပုံစံများ၊
ချပေးမည့် လိုင်စင်ပုံစံများကို နည်း ဥပဒေတွင် အသေးစိတ်ထည့်သွင်း ရေး
ဆွဲသွားမည်ဖြစ်ပြီး ဆက်စပ်ဌာန များဖြစ်သည့် လူဝင်မှုကြီးကြပ်ရေး နှင့်
ပြည်သူ့အင်အားဆိုင်ရာဌာန၊ မီး သတ်ဦးစီးဌာန၊ စည်ပင်သာယာရေး ဌာန၊ လယ်ယာမြေ
စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနနှင့် ဥပဒေပိုင်း ဆိုင်ရာဌာနများ
ပါရှိရန်အတွက် ဘက် စုံအောင် ရေးဆွဲလျက်ရှိကြောင်း ၎င်း ထံက သိရသည်။
.
“ဥပမာပြောရရင်
နောင်ချိုဘက် မှာ တိမ်ပင်လယ် လာကြည့်ကြတယ်။ နိုင်ငံတော်ကလည်း အခွန်မရဘူး။
တရားမဝင်သလို ဖြစ်နေတာပေါ့။ အဲဒါတွေအတွက် တရားဝင်အခွင့်အ လမ်းတွေရအောင်
လုပ်ပေးတာပေါ့။ အဓိက ခရီးသွားဖွံ့ဖြိုးတိုးတက်ဖို့အ တွက်ပါ။ ခရီးသွားကို တကယ် စနစ်
တကျ ဥပဒေဖွင့်ပေးထားတော့ ဥပ ဒေနဲ့အညီ ထိန်းကျောင်းပေးလို့ လည်းရပါတယ်”ဟု
ဦးခင်မောင်ဝင်း က ဆက်လက် ပြောဆိုခဲ့သည်။
.
ရှမ်းပြည်နယ် အပန်းဖြေစခန်း၊ တိရစ္ဆာန်ဥယျာဉ်နှင့်
ရုက္ခဗေဒဥယျာဉ် တည်ထောင်ခြင်းဆိုင်ရာ နည်းဥပဒေ များထုတ်ပြန်နိုင်ရေးအတွက် နည်း
ဥပဒေမူကြမ်းအပေါ် အကြံပြုဆွေး နွေးခြင်း ဆဋ္ဌမအကြိမ်မြောက် အ စည်း အဝေးကို ဩဂုတ်လ ၁၇ ရက်၌ ထပ်မံပြုလုပ်သွားမည် ဖြစ်သည်။
.
No comments:
Post a Comment