သီပေါမြို့နယ်၊ ဆွန်လုံ-ကုန်းသာလမ်းပေါ်ရှိ ဒုဋ္ဌဝတီမြစ်ကူး Fly Ferry ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါမြို့နယ်၊ ဆွန်လုံ-ကုန်းသာလမ်းပေါ်ရှိ ဒုဋ္ဌဝတီမြစ်ကူး Fly Ferry ဖွင့်လှစ်


မောင်မောင်သန်း (တောင်ကြီး)
.
ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဆွန်လုံ-ကုန်းသာ လမ်းပေါ်ရှိ ဒုဋ္ဌဝတီမြစ်ကူး Fly Ferry ဖွင့်ပွဲကို ဩဂုတ်လ ၂၅ ရက်၊ ညနေပိုင်းက သီပေါမြို့နယ်၊ ကုန်းသာ-ဆွန်လုံလမ်း၊ ဒုဋ္ဌဝတီမြစ်ကမ်းဘေး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရန် အတွက်ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေး ကြီးပါကြောင်း၊ ယခုတည်ဆောက်ပြီးစီးသွားသည့် ရေစီးအားသုံး ကူးတို့ဖောင် Fly Ferry တည်ဆောက်ခြင်းနှင့် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ကုန်းသာရွာသို့မြေသားလမ်း ၂ မိုင်၂ ဖာလုံ ဖောက်လုပ်ခြင်းလုပ်ငန်းတို့ကို ဒေသဖွံ့ဖြိုးလာစေရေး ရည်ရွယ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေမှ စုစုပေါင်းကျပ် ၁၅၉ ဒသမ ၆၀ သန်းကျခံသုံးစွဲ တည်ဆောက် ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနမှ ဆောက်ရွက်ပေးသည့် ဒုဝဋ္ဌတီမြစ်ကူး Fly Ferry နှင့် ဆွန်လုံ-ကုန်းသာကျေးလက်လမ်းကို အသုံးပြုပြီးပေါင်းကူးသွားလာခြင်းဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တစ်ဦးနှင့်တစ်ဦးထိတွေ့ဆက်ဆံမှု တိုးတက်များပြားလာကာ ပြည်ထောင်စုစိတ်ဓါတ်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးစိတ်ဓါတ် ထွန်းကားလာတာနှင့်အမျှ နိုင်ငံတော်ကဦးစားပေးလုပ်ဆောင်နေသည့် အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဥ်သည် အောင်မြင်မှုရလာမည်ဖြစ်သည့်အတွက် ယခုလိုလမ်းဖွင့်လှစ် နိုင်ခြင်းသည်ငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းကအထောက်အကူဖြစ်စေပါကြောင်း၊ ဒေသခံများ အနေဖြင့် Fly Ferry နှင့်ဆွန်လုံ-ကုန်းသာကျေးလက်လမ်းကို ရေရှည်တည်တံ့ခိုင်မြဲ အောင်နှင့် မပျက်စီးအောင် ဝိုင်းဝန်းထိန်းသိမ်း အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အလှူငွေကျပ်သိန်း ၂၀ ကို သီပေါမြို့နယ်ရှမ်းစာပေ ယဉ်ကျေးမှုနှင့်အကအဖွဲ့သို့ပေးအပ်လှူဒါန်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးမှ လက်ခံ ရယူခဲ့ကြောင်း သိရသည်။
.
ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဝဏ္ဏဇော်မှ Fly Ferry တည် ဆောက်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီးဒေသခံပြည်သူများကိုယ်စား ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးမှ ကျေးဇူးတင်စကားပြောကြားကြောင်းသိရသည်။
.
ယင်းနောက်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဝဏ္ဏဇော်မှ ရှမ်းတိုင်းရင်းသားအက အဖွဲ့များကို ဂုဏ်ပြုငွေများချီးမြှင့်ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများအား ဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းများနေရာအရောက်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ ညွှန်ကြားရေးမှူးချုပ်ဦးဝဏ္ဏဇော်၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးနှင့်တာဝန်ရှိသူတစ်တို့က Fly Ferry အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး Fly Ferry အား ဆွန်လုံကျေးရွာ ဘက်ကမ်းသို့စီးနင်းကြည့်ရှုခဲ့ကြကြောင်းသိရှိရသည်။
.
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်တွင် ကွန်ကရစ်လမ်း ၅ ဒသမ ၅ မိုင်၊ ကတ္တရာလမ်းမိုင် ၁၀၀၊ ကျောက်လမ်း ၈၁ မိုင်နှင့် မြေသားလမ်း ၁၄၉ မိုင်၊ စုစုပေါင်း ၃၃၅ မိုင်နှင့် ကွန်ကရစ် တံတား ၃၇ စင်း၊ ဘေလီတံတား ၄ စင်း၊ Fly Ferry ၁ စင်းနှင့် Box Culvert ၁၅၈ စင်းတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ ပြီးဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats