စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များ၌
သြဂုတ်လ ၁၀ ရက်မှ စတင်၍ လျှပ်စစ်မီး အလှည့်ကျ ပေးမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း
သိရသည်။
.
.
"ကျွန်တော်တို့
တင်တာ မဟုတ်ပါဘူး။ တောင်ကြီး ESE
က တင်မှပဲ အမှန်ဖြစ်ပါတယ်။ ကျန်တဲ့ဟာတွေကတော့ ကျွန်တော်တို့မသိပါဘူး။ ကျွန်တော်တို့
တင်တာ မဟုတ်တဲ့ အတွက် မမှန်ဘူးလို့ပဲ ပြောရမှာပေါ့” ဟု တောင်ကြီး မြို့နယ်
လျှပ်စစ်အင်ဂျင်နီယာ ဦးဝင့်ကျော်ကျော် က ကမ္ဘောဇတိုင်း သို့ပြောသည်။
တောင်ကြီးမြို့ပေါ် ရပ်ကွက်များအတွင်း ဩဂုတ်လ ၁၀ ရက်မှ စတင်၍
အလှည့်ကျ လျှပ်စစ်မီး ပေးမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေခြင်းဖြစ်ကြောင်း
သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလအတွင်းက ဓါတ်အားထုတ်လုပ်မှု လျော့ကျမှုကြောင့်
တောင်ကြီးမြို့ပေါ်တွင် ဝန်အား ထိန်းညှိခြင်း ပြုလုပ်ရန်အတွက် အလှည့်ကျ မီးပေးစနစ်ကို
ကျင့်သုံးခဲ့ရဖူးကြောင်း သိရသည်။
.