ရွေးကောက်ပွဲကာလတွင် ရှမ်းပြည်နယ် အတွင်း ရဲလြုုံခံရေးအင်အား ၈၇၀၀ ကျော် အသုံးပြုသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွေးကောက်ပွဲကာလတွင် ရှမ်းပြည်နယ် အတွင်း ရဲလြုုံခံရေးအင်အား ၈၇၀၀ ကျော် အသုံးပြုသွားမည်


စုလှိုင်
.
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီ မိုကရေစီ အထွေထွေရွေးကောက်ပွဲ ကာလတွင် ရှမ်းပြည်နယ်အတွင်း လုံခြုံရေးအင်အား ၈၇၀၀ ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ထိုသို့ လုံခြုံရေး ဆောင်ရွက်ရာ တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ အထူးရဲ ၃၆၇၆ ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၅၀၆၀ ဦး၊ စုစုပေါင်း ၈၇၃၆ ဦး အသုံးပြု သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။
.
ရွေးကောက်ပွဲ ကာလအတွင်း ပြည်သူလူထုရဲ့ လုံခြုံရေးက အား လုံးနဲ့ ဆိုင်တယ်။ ပြည်သူလူထုနဲ့ လည်း ဆိုင်တယ်။ ပြည်သူကလည်း အားလုံး ပူးပေါင်းပါဝင် ကူညီစေချင် တယ်”ဟု ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့ မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ဝင်းသန်းက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
လာမည့် ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အတွင်း၌ မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူ ၃၅ သိန်း ခန့် ရှိနေပြီး ပြည်နယ် အတွင်းရှိ မြို့နယ် ၅၅ မြို့နယ်အနက် မြို့နယ် ၅၀ သာ မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ” ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအတွင်းရှိ မိုင်း မော၊ ပန်ဝိုင်၊ ပန်ဆန်း၊နားဖန်နှင့် ရှမ်း ပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့နယ်တို့တွင် မဲစာရင်း ပြုစုနိုင်ခြင်း မရှိသေးကြောင်း သိရ သည်။
.
ရှမ်းပြည်နယ်တွင် စုစုပေါင်း လျာ ထားမဲရုံ ၃၆၇၆ ရှိရာ ယင်းမဲရုံများ အ တွက် အထူးရဲ ၃၆၇၆ ဦးကို ခန့်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။
.

Journal Download

Photo of three cats