မိုင်းဆတ်ခရိုင်အတွင်း နိုင်ငံရေးပါတီ ၇ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်ခရိုင်အတွင်း နိုင်ငံရေးပါတီ ၇ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်


မင်းဇော်မင်း
.
မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းဆတ်၊ မိုင်းတုံမြို့နယ် မဲဆန္ဒနယ်မြေများတွင် နိုင်ငံရေးပါတီ ၇ ခုမှ လွှတ်တော်ကိုယ်စား လှယ်လောင်း ၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
.

.
ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ လားဟူအမျိုးသားများ ဒီမိုကရက်တစ်ပါတီ (LNDP)၊ “ဝ” အမျိုးသားပါတီ (WNP) နှင့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) တို့ ဖြစ်ကြောင်း သိရသည်။
.
ယင်းပါတီများအနက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် “ဝ” အမျိုးသားပါတီတို့မှာ မိုင်းတုံ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်‌နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိကြောင်း သိရသည်။
.
မိုင်းဆတ်မြို့နယ်အတွင်း ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂ နေရာအတွက် ပါတီ ၇ ခုလုံးမှ ကိုယ်စားလှယ်လောင်း များ ဝင်ရောက်ယှဉ်ပြိုင်ကြသော်လည်း မိုင်းတုံတွင်မူ ပြည်နယ်(၁) နေရာအတွက် WNP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ပြည်နယ် (၂) နေရာတွင် SNDP မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုကြောင်း သိရသည်။
.
အဆိုပါ ဝင်ရောက်ရွေးချယ်ခံသူများအနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယခင် ဒုတိယဝန်ကြီးဟောင်း ဦးမျို့ညွန့်က မိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲက မိုင်းဆတ်မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်နေရာ အားလုံးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိခဲ့ပြီး မိုင်းတုံမြို့နယ်တွင် ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ အပ ကျန်မဲဆန္ဒနယ်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats