မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ယာယီပိတ်သိမ်းရန် ညွှန်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ယာယီပိတ်သိမ်းရန် ညွှန်ကြား


ကိုစိုး (ကမ္ဘောဇတိုင်း)
.
မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအားလုံး၊ ကိုယ်ပိုင်ကျောင်းအားလုံးနှင့် ဘုန်းတော်ကြီးသင်ကျောင်း အားလုံးတို့အား ဩဂုတ်လ ၂၇ ရက်မှ စတင်၍ ယာယီပိတ်သိမ်းရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည်ဟု သိရသည်။
.
.
“မနက်ဖြန်ကစပြီး ယာယီပိတ်ဖို့ ဖုန်းနဲ့ ညွှန်ကြားနေပါတယ်။ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘကကျောင်းတွေ အားလုံး ပါပါတယ်” ဟု ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများအနက် COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသော အထက်တန်းအဆင့် ကျောင်းများကို ဇူလိုင်လ ၂၁ ရက်မှ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသူ များပြာလာသည့်အတွက် ကျောင်းများ ယာယီပြန်ပိတ်ခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats