စုလှိုင်
.
ရှမ်းပြည်နယ် လူဝင်မှုကြီးကြပ် ရေးနှင့်
ပြည်သူ့အင်အားဆိုင်ရာရုံးမှ e-Government
စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်း စီမံကိန်းကို ဆောင် ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
“နောက်နှစ်ဆန်းပိုင်းလောက်မှ
စ ဖြစ်မယ်လို့ ယူဆတယ်။ စက်တွေ ပို့မယ်။ ပညာရှင်တွေပို့မယ်။ စက်တွေ ပြင်ဆင်ရမယ်။
ဝန်ထမ်းတွေကို သင် တန်းတွေ ပေးရဦးမယ်။ COVID-19 မရှိရင်တော့ လုပ်လို့ ရနေပြီ။ အရင် က စက်တင်ဘာမှာ စဖို့
မှန်းထားခဲ့ တာပါ”ဟု ရှမ်းပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်
ရာရုံးမှ ညွှန်ကြားရေးမှူး ဦးအောင် မြင့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်းကဲ့သို့ e-Government စ နစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်း စီမံ ကိန်း လုပ်ငန်း
ဆောင်ရွက်နိုင်ရန်အ တွက် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၆) ကြိမ်မြောက်
ပုံမှန် အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်
အားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးသိန်းဆွေနှင့် စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့်
စက်မှုဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးမောင်မောင်ဝင်းတို့က ဩစ တေးလျနိုင်ငံ၊ Unicredit Bank မှ အတိုးမဲ့ချေးငွေ
ယူရို ၃၃ သန်း ရယူ ရေး လွှတ်တော်သို့ ရှင်းလင်း တင်ပြ ခဲ့ ပြီးဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စီမံကိန်းကြောင့် အစိုးရ အဖွဲ့အစည်းများ၏
တာဝန်ယူမှု၊ တာ ဝန်ခံမှုများကို တိုးမြှင့်ပေးနိုင်ခြင်း၊ အကျင့်ပျက်ခြစားမှုများကို
အထိုက် အလျောက် လျှော့ချပေးနိုင်ခြင်း၊ နိုင် ငံတော်မှ အကောင်အထည်ဖော်နေ သည့် e-Government စနစ် အကောင် အထည်
ဖော်ရာတွင် အထောက်အ ကူပြုနိုင်ခြင်း၊ မဲစာရင်းပြုစုခြင်း၊ အခွန်ကောက်ခံခြင်း၊
နိုင်ငံကူးလက် မှတ်ထုတ်ပေးခြင်း အစရှိသည့် ဝန် ဆောင်မှု လုပ်ငန်းများတွင် လွယ်ကူ
အဆင်ပြေနိုင်စေခြင်း တို့ကြောင့် ချေးငွေရယူရန် လွှတ်တော်က အ
တည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရ သည်။
.
ယင်း ဆုံးဖြတ်ချက်အရ သြစ တေးလျနိုင်ငံနှင့်
မြန်မာနိုင်ငံတို့ နှစ် နိုင်ငံ သဘောတူ စာချုပ် လက်မှတ် ရေးထိုး ဆောင်ရွက်ရမည်
ဖြစ်သော် လည်း လက်ရှိ ဖြစ်ပွား နေသော COVID-19 ကူးစက် ရောဂါကြောင့် စာချုပ် လက်မှတ် ရေးထိုးခြင်းကို
ခေတ္တဆိုင်းငံ့ထားခဲ့ရကြောင်း သိရ သည်။
.
စာချုပ်လက်မှတ် ရေးထိုးပြီးပါ က မြန်မာနိုင်ငံ အတွင်းရှိ
နိုင်ငံသား တစ်ဦးချင်း၏ ကိုယ်ရေးအချက်အ လက်များအား Biometric & Biographic Data အချက်အလက် များ
ကောက်ယူ၍ National Database
တွင် သိမ်းဆည်းပြီး တစ် ဦးချင်းစီအား Unique ID Number တစ်ခုချင်းစီ သတ်မှတ်ပေးခြင်း ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။
.