စုလှိုင်
.
ရှမ်းပြည်နယ်အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်
ထောင်စု၊ ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကုန်ထုတ်လမ်း၊ တံ တားလုပ်ငန်းများ
၉၉ ဒသမ ၅ ရာ ခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ရှမ်း ပြည်နယ် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
.
.
“ကုန်ထုတ်လမ်းတွေက ဈေး နှုန်း သက်သာစွာနဲ့ စျေးကွက်ကို
ရောက်ဖို့ အချိန်တိုတိုနဲ့ သယ်ယူ စရိတ် သက်သာမယ်။ စျေးကွက်ကို မြန်မြန်ရောက်မယ်။
သယ်ယူလို့ လွယ်ကူတဲ့အတွက် ပျက်ဆီးဆုံးရှုံး မှုတွေလည်း နည်းမှာပေါ့ အဲဒီ ရည်
ရွယ်ချက်နဲ့ လုပ်ဆောင်တာပါ”ဟု ရှမ်းပြည်နယ်ကျေးလက် ဒေသဖွံ့ ဖြိုး တိုးတက်ရေး
ဦးစီးဌာနမှ လက် ထောက် ညွှန်ကြားရေးမှူး ဦးညွန့် ဝင်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ ခရိုင် ၁၃ ခရိုင် အပါအဝင်
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း/ဒေသ ၅ ခု အနက် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်
ရဒေသမှ အပ ကျန်ဒေသများတွင် ကုန်ထုတ်လမ်း စုစုပေါင်း ၇၀ နှင့် တံတားရေ ပြွန် ပေါင်း
၉၂ စင်းကို ဘဏ္ဍာ ရန်ပုံငွေ ကျပ်သန်းပေါင်း ၄၀၉၅ ဒသမ ၅၆၆ ဖြင့် အကုန်အကျခံ
တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယခင်က သီးသန့် ကုန်ထုတ် လမ်းများ မရှိခဲ့ခြင်းကြောင့်
သီးနှံ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရပြီး ကုန်စည်များကို ဈေးကွက်သို့
အချိန် မီ တင်ပို့ ရောင်းချနိုင်ခြင်း မရှိသဖြင့် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း
သိရသည်။
.