ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၅၆ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၅၆ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး


နန်းထက်ထက်
.
ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင် ရွက်နေသည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းမှာ ကျေးရွာပေါင်း ၂၅၆ ရွာ တွင် စီမံကိန်း လုပ်ငန်းများ ဆောင် ရွက် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
.

.
“COVID-19 ကြောင့် ပြည်သူတွေ စီးပွားရေး ထိခိုက်ပြီး လုပ်ကွက်ငယ် လုပ်ဆောင်သူတွေ၊ ပစ္စည်းထုတ်လုပ် ရောင်းချသူတွေ၊ အသေးစားစီးပွား ရေး လုပ်ကိုင်နေတဲ့သူတွေ၊ စီးပွား ရေး ပြန်လည် စတင်ချင်သူတွေ၊ စီး ပွားရေး တိုးချဲ့သူတွေ၊ ငွေကြေးအ ရင်း အနှီးတွေရဖို့အတွက် ဆောင်ရွက် ခြင်းဖြစ်တယ်"ဟု ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးညွန့်ဝင်းက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင် ရွက်ပြီးစီးခဲ့သည့် ကျေးရွာစီမံကိန်း များမှာ ကျေးရွာစာရင်းရှင် ဖွင့်လှစ် ခြင်း အတွက် စုစုပေါင်း ၂၅၃ ရွာတွင် ဆောင်ရွက်ရန် ကျန် ၃ ရွာ၊ မြို့ နယ်မှ ကျေးရွာသို့ ရန်ပုံငွေ လွှဲပြောင်း ခြင်း တိုးတက်မှုစုစုပေါင်း ၂၄၉ ရွာ တွင် ဆောင်ရွက်ရန်ကျန် ၇ ရွာ၊ ချေးငွေ အဆိုပြုလွှာများ ခေါ်ယူ ခြင်း ၂၅၆ ရွာ၊ ချေးငွေထုတ်ချေးခြင်း တိုးတက်မှု ၁၂၂ ရွာ၊ ဆောင်ရွက်ရန် ကျန် ၁၃၄ ရွာတို့ ဖြစ်ကြောင်း သိရသည်။
.
ကျေးရွာမတည် ရန်ပုံငွေ ဆိုသည် မှာ ကျေးလက်ဒေသနေ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့နည်းစေရန် အတွက် အလုပ်အကိုင် အခွင့်အလမ်း များနှင့် မိသားစု ၀င်ငွေတိုး လုပ်ငန်း များ ဆောင်ရွက်နိုင်ရန် ဖော်ဆောင် ပေးခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats