စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်ရေး၀န်ဆောင်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှု အများဆုံးဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စားသုံးသူရေးရာ ဦးစီးဌာနသို့ ဆက်သွယ်ရေး၀န်ဆောင်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှု အများဆုံးဖြစ်


စုလှိုင်
.
ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနသို့ စားသုံးသူများ၏ လာ ရောက် တိုင်ကြားမှုများတွင် ဆက် သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ နှင့် ပတ်သက်၍ တိုင်ကြားမှု အများ ဆုံး ဖြစ်သည်ဟု သိရသည်။
.

.
“စားသုံးသူနဲ့ ပတ်သက်ပြီး တိုင် ကြားစာရှိပါတယ်။ အများစုက ဆက် သွယ်ရေး ဝန်ဆောင်မှုက များတယ်။ သာမန်ဝန်ဆောင်မှုတွေက နည်းပါ တယ်။ ဆက်သွယ်ရေး ဝန်ဆောင်မှုက ဖုန်းပြသာနာတွေပေါ့။ ဂိမ်းမက်ဆေ့ ဝင်တဲ့ ကိစ္စ၊ ပိုက်ဆံဖြတ်တဲ့ ကိစ္စတွေ၊ Wave Moneyတွေလိုမျိုးငွေ ကြေးပိုင်း ဆိုင်ရာဝန်ဆောင်မှု တွေပေါ့။ နောက် ပိုင်းမှာ ပစ္စည်းတစ်ခုကြောင့် တိုင် ကြားတာ နည်းပါတယ်”ဟု ရှမ်းပြည် နယ် စားသုံးသူရေးရာ ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးတင့်လွင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ တိုင်ကြားလာလျှင် စားသုံး သူ၊ သုံးစွဲသူနှင့် လုပ်ငန်းရှင်များကို စေ့စပ် ညှိနှိုင်းပေးပြီး အရေးယူမှု အ ပိုင်းမှာ နည်းပါးကြောင်းနှင့် အားလုံး အဆင်ပြေအောင် ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်း ထံက သိရသည်။
.
“ဒါ့အပြင် တာရှည်ခံဆေးတွေနဲ့ ပတ်သက်ပြီး FDA က စစ်တာ။ ကုန် ညွန်း အမှတ်အသား မပြည့်စုံရင် စား သုံးသူတွေ ထိခိုက်နစ်နာမှာ အဲဒါကိုပဲ စစ်ဆေးပေးတယ် ”ဟု ဦးတင့်လွင်ဦး က ဆက်လက် ပြောဆိုခဲ့သည်။
.
စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကုန်စည်များနှင့် ပတ်သက် ပြီးကုန်ညွန်း အမှတ်အသား မပြည့် စုံသည့် ကုန်စည်များကို လိုက်လံစစ် ဆေးနေပြီး သတ်မှတ်ထားသည့် ရက် ပေါင်း ၆၀ အတွင်းတွင် အရေးယူ ဆောင် ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
.

Journal Download

Photo of three cats