စုလှိုင်
.
COVID-19 ကပ်ရောဂါ
ကာကွယ် ထိန်းချုပ် ကုသရေး ကာလအတွင်း ရှမ်းပြည်နယ်၏ နယ်စပ်ဂိတ်များမှ
အကောက်ခွန်ဝင်ငွေ ရရှိမှုအခြေ အနေနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အကောက်ခွန်
ဦးစီးဌာနသို့ စာဖြင့် သွားရောက် တင်ပြမေးမြန်းရာတွင် ရုံးချုပ်၏ ခွင့်ပြုချက်
ရရှိမှသာ ဖြေ ကြားနိုင်မည်ဖြစ်သည်ဟု ယင်းရုံးမှ တာဝန်ရှိသူက ပြောဆိုခဲ့သည်။
.
.
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ဇူ
လိုင်လကုန် အထိ ရှမ်းပြည်နယ် အ တွင်း တရားမဝင် စားသောက်ကုန်နှင့် ကုန်စည်
ဖမ်းဆီးအရေးယူမှု၊ ယင်း ဖမ်းဆီး ရမိမှုများအနက် ပြည်ပမှ တရားမဝင် တင်သွင်းလာသော အ
ရက်၊ ဘီယာများ ဖမ်းဆီးရမိမှုနှင့် တရားမဝင် ဝင်ရောက်မှု မရှိစေရေး အတွက်
ကြပ်မတ်ဆောင်ရွက်သွား မည့် အစီအမံနှင့် ၂၀၂၀ ပြည့်နှစ်အ တွင်း COVID-19 ရောဂါ ဖြစ်ပွားမှု
အခြေအနေအရ ရှမ်းပြည်နယ်၏ကုန် သွယ်မှုပမာဏတန်ဖိုး ကျဆင်း/တိုး
တက်မှုအခြေအနေတို့နှင့် ပတ်သက် ၍ သတင်းရေးသားဖော်ပြနိုင်ရန် အ တွက်
ကမ္ဘောဇတိုင်းသတင်းဂျာနယ် မှ ဇူလိုင်လ ၂၃ ရက်တွင် ရှမ်းပြည်နယ်
အကောက်ခွန်ဦးစီးဌာနမှူးထံသို့ လိပ်မူ၍ ရုံးစာဖြင့် ရေးသား တင်ပြ ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အကောက်ခွန်ဦးစီး
ဌာနမှ တာဝန်ရှိသူတစ်ဦးက “မူကြမ်း တွေ ရေးပြီး ရုံးချုပ်ကို တင်ပြရတယ်။ ရုံးချုပ်က
ခွင့်ပြုမှရတယ်။ ဖြေရ မယ့်ဟာကို ပြည်နယ်မှူးက ရုံးချုပ် ကို စာ တင်ထားတယ်။ မူကြမ်း
ပြုစု နေတုန်းပါ” ဟု ဩဂုတ်လ ၇ ရက်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသ သည် မြန်မာ-တရုတ်
နှစ်နိုင်ငံအကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သော မန္တလေး-လားရှိုး-မူဆယ်
လမ်းမပေါ်တွင် တည်ရှိနေပြီး အခြား နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း များလည်း
ရှိနေသည့်အတွက် နှစ်စဉ် တရားမဝင် အကောက်ခွန်မဲ့ ကုန် စည်များ၊ အရက် ဘီယာများ၊ စား
သောက်ကုန်များနှင့် အခြား တရားမ ဝင် ကုန်စည်များ ဖမ်းဆီးရမိမှုများ ရှိ နေကြောင်း
သိရသည်။
.