ကမ္ဘောဇဘဏ်က ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမို ထိရောက်စေရန်အတွက် ပြည်နယ်အစိုးရထံသို့ ငွေကျပ် သိန်း (၆၀၀) ခန့် တန်ဖိုးရှိ COVID-19 ကာကွယ်ရေးပစ္စည်း (၇) မျိုးကို ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် Air KBZ အရေးပေါ် ကယ်ဆယ်ရေးအထူးလေယာဉ်ဖြင့် အမြန်ပို့ဆောင်လှူဒါန်းခဲ့ ကြောင်းသိရသည်။
အဆိုပါ Air KBZ အရေးပေါ် ကယ်ဆယ်ရေးအထူးလေယာဉ်တွင် ရခိုင်ပြည်နယ်အတွက် COVID-19 ကာကွယ်ရေးပစ္စည်း (၇) မျိုး ဖြစ်သည့် ဆေးရုံသုံးနှာခေါင်းစည်း (၁၀၀,၀၀၀)၊ မျက်နှာအကာ (၂၀၀၀)၊ လက်အိတ် (၃၀၀၀)၊ ခေါင်းစွပ် (၂၀၀၀)၊ မျက်မှန် (၂၀၀)၊ PPE ဝတ်စုံ (၂၀၀)၊ အပူချိန်တိုင်းစက် (၁၀၀)ပါဝင် ကြောင်းသိရသည်။
ထို့အပြင် ဩဂုတ်(၂၄) ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု ထံသို့ ကမ္ဘောဇဘဏ် ရခိုင်ပြည်နယ် တာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာ ဦးစံမြက Facility Quarantine ဝင်နေသော စောင့်ကြည့်လူနာများအနက်မှ နေ့စဉ်စားသောက်စားရိတ် အခက်အခဲရှိသော ပြည်သူတစ်ဦးလျှင် တစ်ရက်ငွေကျပ်(၃ဝဝဝ) နှုန်းဖြင့် အစားအသောက်များ ပံ့ပိုးပေးနိုင်ရန်အတွက် လှူဒါန်းငွေကျပ် သိန်း (၃၀၀) ကိုလည်း ကြိုတင် ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ် ကြောင်းသိရသည်။
နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်အရ Air KBZ လေကြောင်းလိုင်းသည် ကမ္ဘောဇဘဏ်က လှူဒါန်းသည့် COVID-19 ကာကွယ်ရေးပစ္စည်း (၇) မျိုးကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးနိုင်ရန် အရေးပေါ်အထူးလေယာဉ်ဖြင့် အခမဲ့ ပျံသန်းပို့ဆောင်ပေးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ကမ္ဘောဇဘဏ်သည် ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ရေကြီးရေလျှံမှုဖြစ်စဉ်မှ ယနေ့ကာလ အထိ ပြည်နယ် တိုးတက်ဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ သဘာဝဘေးအန္တရယ်များနှင့် COVID-19 ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိမ်းချုပ်ရေးလုပ်ငန်းများအတွက် စုစုပေါင်း ငွေကျပ် (၁၀) ဘီလီယံကျော် လှူဒါန်းထားပြီး COVID-19ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက်COVID-19ရောဂါမဖြစ်ပွားခင် ဖေဖေါ်ဝါရီလ(၂၆)မှစတင်ကာ၊ယနေ့အချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ်(၆၀,၄၄၂)သိန်း ( ခြောက်သောင်းလေးရာလေးဆယ့်နှစ်သိန်း) လှူဒါန်းထားရှိပြီးဖြစ်ကြောင်းသိရသည်။
ကမ္ဘောဇဘဏ်သည်နိုင်ငံတော်နှင့်ပြည်သူအတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ပေးအပ်လှူဒါန်းလျက်ရှိပြီး ယနေ့အထိ ကျပ်ငွေ (၁၆၆) ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။
Wednesday, August 26, 2020

Home
ကမ္ဘောဇအုပ်စု
ကမ္ဘောဇဘဏ်က ရခိုင်ပြည်နယ်အတွက် COVID-19 ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ စစ်တွေမြို့သို့ Air KBZ ကယ်ဆယ်ရေးအထူးလေယာဉ်ဖြင့်ပို့ဆောင်လှူဒါန်း
ကမ္ဘောဇဘဏ်က ရခိုင်ပြည်နယ်အတွက် COVID-19 ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ စစ်တွေမြို့သို့ Air KBZ ကယ်ဆယ်ရေးအထူးလေယာဉ်ဖြင့်ပို့ဆောင်လှူဒါန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment