COVID-19 အတည်ပြုလူနာ အသစ် ၁၆ ဦး ထပ်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၁၆ ဦး ထပ်တွေ့

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၁၆ ဦး ထပ်မံ ​တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၂၇ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.



အဆိုပါ အတည်ပြု လူနာများမှာ ရခိုင်ပြည်နယ်၊ စစ်​​တွေမြို့နယ်​၊ ရန်ကုန်တိုင်း​ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ​​မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မွန်ပြည်နယ်၊ ​ရေးမြို့နယ်၊ ​မော်လမြိုင်မြို့နယ်၊ မန္တ​လေးတိုင်း ​ဒေသကြီး၊ ​ကျောက်ပန်း​တောင်း မြို့နယ်၊ ပဲခူးတိုင်း​ဒေသကြီး၊ ​တောင်ငူမြို့နယ်တို့မှ အသွားအလာ ကန့်သတ်ထားသူများနှင့် ​စောင့်ကြည့်လူနာများ ဖြစ်​ကြောင်း သိရသည်။
.
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တ​လေး)၊ ​(မော်လမြိုင်)၊ ​နေပြည်​တော်ဆေးရုံနှင့် စစ်​တွေ​ဆေးရုံတို့မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၃၅၅ ခုအနက် ၁၆ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်​ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (သြဂုတ်လ ၂၇ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၆၀၂ ဦး ရှိကာ၊ ယင်းအနက် ၆ ဦး သေဆုံး၍ ၃၄၉ ဦးမှာ ပြန်လည် သက်သာလာပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats